Friday, July 10, 2015

"ဒေါ်ရွှေ "

ကျွန်တော်ဟာ ဆယ်တန်းအောင်တဲ့အထိ နယ်မြို့လေးတစ်မြို့မှာ ပေါ့ပါးအေးစက် တဲ့ လူပျိုစစ်စစ် အချိန်များကို မသိလိုက် မသိဖာသာဘဲ ဖြတ်သန်း စီးဆင်းလာခဲ့ပါတယ်..။

ဆယ်တန်းစာမေးပွဲတွေ ပြီးတော့ အတောင်ညောင်းငှက်လို ခဏနားခိုရင်း ဟိုဟိုဒီဒီ လေ့လာမိတော့ ဖို၊မ ဆက်ဆံရေးအပေါ် လူငယ်တစ်ယောက်ရဲ့ ရိုးစင်းတဲ့ ရင်ခုန်သံများက ပြန့်ကြဲ လာမိပါတော့တယ်..။

ဒီအချိန်မှာ လူတကိုယ်လုံးပူလောင် ခြောက်ကပ်သွားစေ လောက်တဲ့ ခံစားမှုမျိုးတွေကို ခံစား တတ်လာသလို ၊ အိမ်မှာ အဝတ်လာလျှော်တတ်တဲ့ အိမ်နီးချင်း ဒေါ်ရွှေ ရဲ့ အဝတ်လျှော်စဉ်လန်ထားတဲ့ ပေါင်သား ဖြူဖြူ ကြီးတွေကို တိတ်တခိုး အိပ်မက် မက်မိ လာပါတော့တယ်..။

မိန်းမ ကိစ္စ (ဖိုမ ကိစ္စ) နဲ့ ပတ်သက်လျှင် ဒေါ်ရွှေဟာ ကျွန်တော့်ရဲ့ အိပ်မက်ဦး ဆိုတာ ခေါင်းငုံ့ ဝင်ခံရမှာပါဘဲ..။ ဒေါ်ရွှေအမျိုးသားက မအောင်မြင်သေးတဲ့ ကျောက်အရောင်းအဝယ် သမားပါ..။ တစ်လမှာ လေးငါးဆယ်ရက်သာ ချစ်သော မိန်းမနဲ့ ကလေးနှစ်ယောက် နှင့်အတူ နေနိုင် ရှာသူပါ..။သူတို့အိမ်ဟာ ကျွန်တော်တို့ အိမ်ရဲ့ ထောက်ပံ့မှုတော်တော်များများ နဲ့ ရှင်သန်နေတာမို့ ဒေါ်ရွှေဟာ ကျွန်တော်တို့ အိမ်ကို အိမ်ဦး ကြမ်းပြင်လို ဝင်ထွက်သွားလာနေခဲ့ပါတယ်..။ ဒေါ်ရွှေဟာ အသက် ၃၅ နှစ် အရွယ် သွားနည်းနည်းခေါ သလိုရှိ ပေမယ့် ရုပ်ပျက်လောက်အောင် မဟုတ်၊ မျက်လုံးအိမ်က ကျယ်ပေမယ့် မျက်ကျော သေသလိုမျိုး ရှိပါတယ်။ နှုတ်ခမ်းထူထူ သာမာန်နှာခေါင်း ရှိပြီး မျက်ခုံးကတော့ ယောက်ျားမျက်ခုံးမွှေးလိုကို ထူပါတယ်။ ဆံပင် ဂုတ်ကျော်ကျော်လောက် ရှိပြီး ဆံပင်ကို အမြဲစည်းထား၊ ညှပ်ထားတတ်ပါတယ်။ အသားကတော့ တရုတ်မလို ကို ဖြူပါတယ်။ ခန္တာကိုယ်က ခပ်ဖိုင့်ဖိုင့် ရှိပါတယ်။ ခါးနေရာက မဆိုစလောက်ကလေး ကျင်သွားပြီး တင်တွေ၊ နို့တွေကတော့ အလွန်ကို ထွားပါတယ်။ ဒေါ်ရွှေဟာ အိပ်ပျော်နေတဲ့ အချိန်က လွဲလို့ ဘယ်တော့မှ အငြိမ်မနေတတ်ဘဲ အလုပ်တစ်ခုခုလုပ်နေတတ်ပါတယ်။

မထင်မှတ်ဘဲနဲ့ ဒေါ်ရွှေ့ကို စိတ်ဝင်စားသွားတဲ့အတွက် ကျွန်တော်တို့နှစ်ယောက်ကြားက ဆက်ဆံရေးဟာ အရင်လို(အထူးသဖြင့် ကျွန်တော့်ဖက်က) ချောချောမွေ့မွေ့မဟုတ်တော့ပါဘူး..။ ဒါကို ဒေါ်ရွှေက ကျွန်တော်အမေကို "အစ်မ အနီကောင်က ကျွန်မ ကိုအရင်လိုမခေါ်တော့ဘူး၊ လူပျိုဖြစ်လာလို့ထင်တယ်" ဆိုပြီးသွားတိုင်ပါသေးတယ်။ သူတို့အိမ်မှာ ရေအခက်အခဲရှိတဲ့ ဒေါ်ရွှေတို့ဟာ ကျွန်တော်တို့ အိမ်အပြင်မှာ ရှိတဲ့ ရေတိုင်ကီတွေ မှာ ရေချိုးအဝတ်လျှော် လုပ်ရင်း ကျွန်တော်တို့ တအိမ်သားလုံး အဝတ်တွေကိုပါ ဖွတ်လျှော်၊ မီးပူတိုက် ပေးတတ်ပါတယ်..။

ကျွန်တော်တို့အိမ်ဟာ နှစ်ထပ်အိမ် ဖြစ်ပြီးတော့ ၊ ကျွန်တော့်အခန်းက အပေါ်ထပ်မှာရှိပြီး တစ်အိမ်လုံး မှန်တံခါးတွေ တပ်ထားပါတယ်.။ တစ်ရက်မှာတော့ ညပိုင်း စာဖတ်ပြီး အိပ်တာနောက်ကျလို့ ကျွန်တော် နေမြင့်တဲ့အထိ (၁၀ နာရီ)လောက်ထိ အိပ်နေမိပါတယ်.။အိပ်နေရင်းက ဒေါ်ရွှေနဲ့ ကလေးနှစ်ယောက် ရဲ့ဆူဆူညံညံအသံများကြောင့် နိုးလာပါတယ်။ ကျွန်တော်လည်းတော်တော်ဒေါသထွက် သွားပြီး ကလေးတွေကို အော်ဖို့ ပြတင်းတံခါးကို ဖွင့်လိုက်ပါတယ်။ ရေချိုးတဲ့ ရေတိုင်ကီရှေ့မှ ကလေးနှစ်ယောက်ဟာ ကိုယ်လုံးတီးလေးတွေ နဲ့ အမေဆပ်ပြာတိုက်လို့ မျက်စိ စပ်တာကို အော်ဟစ်ရင်း ရေတောင်းနေကြပါတယ်.။ ဒေါ်ရွှေက"
ဟေ့ကောင်တွေ ရေတွေ ဗုန်းဗောလအော မလုပ်နဲ့" လို့ ပြန်အော်ရင်း ဆပ်ပြာတိုက်ပေးနေပါတယ်.။ ဒီမြင်ကွင်းကြောင့် ကျွန်တော့် ဒေါသများ ငုပ်လျှိုးသွားပြီး ဘာရယ် မဟုတ်ဆက်ကြည့်နေဖြစ်ပါတယ်.။ ဒီအချိန်မှာ အငယ်ကောင်က ဒေါ်ရွှေ ထမီကို ဆွဲပြီး ရေတောင်းတာမှာ ထမီလျှောကျပြီး....ကြီးမားထွားကြိုင်းပြီး ဖြူဖွေးနေတဲ့ ဒေါ်ရွှေရဲ့ နို့ကြိး တစ်ဝက်နီးပါးကို ကျွန်တော်မြင်လိုက်ရပါတယ်..။ ရင်ထဲမှာ ဘလောင်ဆူပြီး ခြေတွေလက်တွေအေး၊ အာခေါင်တွေခြောက်ပြီး ကတုန်ကယင်နဲ့ ရှက်သွားသလိုလို ဖြစ်မိတာနဲ့ ပြတင်းပေါက်ကို ပိတ်လိုက်မိပါတယ်.။

သို့သော် ခဏ အကြာမှာပဲ မျက်စိထဲမှာ တဝဲလည်လည် ဖြစ်နေတဲ့ ဒေါ်ရွှေ နို့ဖြူဖြူ ကြီးကို ထပ်မံတွေ့မြင်လိုစိတ်တွေ နဲ့ ကယောင်ခြောက်ခြားဖြစ်ပြီး အနီကောင် တစ်ယောက် ပြတင်းပေါက်နားကို တုန်ယင်သောခြေလှမ်းများနဲ့ ချဉ်းကပ်မိပြန်ပါတယ်။စိတ်ထဲမှာလည်း တစ်စုံတစ်ယောက်များ ငါချောင်းနေတာမြင်သွားရင် အရှက်ကွဲရချည့်ရဲ့ ဆိုပြီး မျက်နှာတွေ ထူပူပြီး အာခေါင်တွေ ခြောက်ကပ်နေပါတယ်။ ရှက်စိတ်၊ကြောက်စိတ် ၊စိုးရိမ်စိတ်များသည် ဒေါ်ရွှေရဲ့ ဖြူဖြူဖွေးဖွေး ရင်နှစ်မွှာ စွဲအားအောက်မှာ မရှုမလှ ကျရှုံးခြင်းမက ကျဆုံးပြီး ပြတင်းပေါက်ဘေးမှာ ဒေါ်ရွှေရဲ့ ရေချိုးပုံများကို တိတ်တခိုးကြည့်နေမိပါတော့တယ်။

ဒေါ်ရွှေသည် အလုပ်မှန်သမျှကို အားရပါးရ လုပ်တတ်သူဖြစ်သည့်အားလျော်စွာ ရေချိုးရာမှာလည်း အားရပါးရ လျှင်လျှင်မြန်မြန်ချိုးတတ်ပါသည်။ ရေများကို တစ်ခွက်ပြီးတစ်ခွက် ထမီရင်လျားထားသော ဖြူဖွေး လုံးအယ် နေသော ပခုံးနှစ်ဘက် ထက်သို့ လောင်းချပါသည်။ ရေလေးငါးခွက်လောင်းပြီးလျှင် ထမီရင်လျားသည် အနည်းငယ်အောက်သို့လျောကျ လာတတ်ပြီး အိပ်မက်ထဲထိ စိုးမိုးတတ်သည့် ဖြူဖွေးကြီးမားလှသော နို့နှစ်လုံး၏ အပေါ်ပိုင်းတစ်ဝက်နီးပါး မြင်တွေ့ရတတ်သည်။ တခါတရံ ရေစိုထမီကို ဖြန့်ဝတ်တတ်သလို အခါပေါင်းများစွာ ရင်ဝအနီးမှ ထမီကို လက်နဲ့ ဆွဲတင်တတ်ပါသည်။ ကျွန်တော် ရင်အခုန်ရဆုံး အချိန်က ရေစိုထမီ ကို လဲလှဲသော အချိန်နဲ့ ဆပ်ပြာတိုက်သော အချိန်ပါ.။ ဆပ်ပြာတိုက်လျှင် နို့နှစ်လုံးကို ထမီအောက်ထိ နှိုက်တိုက်ပါသည်။ ငုတ်တုပ်ထိုင်ပြီး အဖုတ်ကို လက်နှိုက် တိုက်တတ်သလို ခြေဆင်းထိုင်ပြီး ပေါင်အထိ ထမီလှန်ကာ ဆပ်ပြာတိုက်ပါသည်။ဒေါ်ရွှေ ရေချိုးတာကို စိတ်ဝင်စားလာသည့် အားလျော်စွာ ကျွန်တော့် အနေအထိုင်များ၊ အချိန်အသုံးပြုမှု များသည်လည်း စိတ်ဝင်စားရာကို အားပေးလာသည်။ ကျွန်တော် နံရံကပ် ပြက္ခဒိန်တစ်ခု ဝယ်ဖြစ်သည်။ နေ့တိုင်း ဒေါ်ရွှေရေချိုးသော အချိန်များကို ခဲတံနဲ့ ရေးမှတ်ထားသည်။ ဒေါ်ရွှေသည် တစ်နေ့ကို ရေ နှစ်ခါ အနည်ဆုံးချိုး တတ်သည်.။ မနက် ၉ နာရီခွဲ ပတ်ဝန်းကျင် နှင့် ညနေ ၅ နာရီ ပတ်ဝန်းကျင်။
ထိုအချိန်မတိုင်ခင် နာရီဝက် လောက် အလိုကတည်းက ကျွန်တော်သည် မိမိတိုက်စစ်ဖွင့်ရန် ကြိုတင်ပြင်ဆင်ထားရသည်.။ ပြသနာတစ်ခုက ပြတင်းပေါက်အားလုံးသည် မှန်အကြည်များဖြစ်သောကြောင့် ကျွန်တော်အတွက် စိတ်ချလက်ချ အားရပါးရ မချောင်းရပေ။ အရာရာကို သတိထား၍ ချောင်းရသည်။ ချောင်းနေရင်း နဲ့လည်း တိုက်စစ် ဖွင့်သည့်အခါ ဖွင့်နိုင်ပြီး တစ်ခါတစ်ရံ ဒေါ်ရွှေ ရေချိုးတာမြန်သော်ကြောင့်လည်းကောင်း၊ အပေါ်ထပ်မှာ လူသံကြားသော်ကြောင့်လည်းကောင်း တိုက်စစ် မဖွင့်နိုင်ချေ။များသောအားဖြင့်တော့ ရေချိုးနေသော ဒေါ်ရွှေ့ပုံရိပ်များကို အလွတ်မှတ်သားပြီး ရေချိုးခန်းထဲတွင် တစ်ယောက်တည်း ဂွင်းတိုက်ဖြစ်သည်သာ များသည်။

ဒီလိုနဲ့ ကျွန်တော်တစ်နေ့တာ အချိန်ဇယားသည် မိုးလင်း အိပ်ယာထ၊ ချောင်း၊ ထမင်းစား၊ စာဖတ်၊ဗီဒိယိုကြည့်၊ရေချိုး ၊ဂွင်းတိုက်၊ ချောင်း၊စာအုပ်ဆိုင်သွား၊ လက်ဖက်ရည်သောက် ၊အိပ် ဖြစ်လာပါသည်။
April လ အပူလွန်ကဲလာသည့်အချိန်ညတစ်ည မှာတော့ ရေချိုးသံကြောင့် အိပ်ပျော်နေတဲ့ ကျွန်တော် နိုးလာပါတယ်.။ ဒေါ်ရွှေရေချိုးတာပဲ ဆိုတဲ့အသိနဲ့ အတင်းလူးလဲထ ၊ မျက်လုံးကို ပွတ်ပြီး ချောင်းပါတော့တယ်..။ အဲဒီညက ကံကောင်းစွာနဲ့ပဲ ကျွန်တော်အခန်းကို မီးပိတ်ပြီး ဖြစ်တဲ့အပြင် အပြင်မှာက လရောင်ကော၊ မီးရောင်ကို ထိန်ထိန်လင်းတဲ့ ညပါ။ ရင်ခုန်စရာအကောင်းဆုံး ပြာလဲ့လဲ့ ညတစ်ညပါ။

ကျွန်တော်လည်း ပြတင်းတံခါးကို မသိမသာ ဟလိုက်ပြီးပယ်ပယ်နယ်နယ်ကြီးချောင်းပါတော့တယ်။ ဒေါ်ရွှေသည် ထိုနေ့က နက်ပြာရောင် ထမီကို ရင်လျားထားပါတယ်။ ဖြူဖွေးတဲ့အသားအရေကို နက်ပြာရောင် ထမီက ပံ့ပိုးပေးထားတဲ့အတွက် ပိုမိုဖြူဖွေး ဝင်းဝါ စေပါတယ်။ ညကြီးမိုးချုပ်မှ ခေါင်းလျှော် ထားဟန်လည်း တူပါသည်။ ရေကို ခေါင်းပေါ်မှ လောင်းချ နေပြီး ၊ ကြည်လင်သော ရေတို့သည် နက်မှောင်သော ဆံပင်တို့ နှင့် ဖြူဖွေးသော ခန္ဖာကိုယ် ကို ဖြတ်သန်းစီးဆင်းပြီး နက်ပြာရောင် ထမီထဲသို့ ငြိမ့်ညောင်းစွာ ဝင်သွားပုံမှာ ကျွန်တော်စိတ်ကို တရွရွ ဖြစ်စေပါသည်။ ကျွန်တော်မျှော်လင့် တောင့်တ နေတဲ့ အတိုင်း ဒေါ်ရွှေဟာ ဆပ်ပြာခွက်ကို ကိုင်လိုက်တာနဲ့ပဲ ကျွန်တော့် ရင်အစုံဟာ တဒုန်းဒုန်းမြည်လျက် ခြေဖျားလက်ဖျားတွေပါ အေးစက် လာပါတော့တယ်။ ဒေါ်ရွှေဟာ မျက်နှာ နဲ့ လက်များကို ဆပ်ပြာတိုက်ပါတယ်.။ပြီးတော့ ထမီရင်လျားကို အောက်ကို လျောချလိုက်ပါတယ်.။ ဖြူဖွေးထွားကြိုင်းလှတဲ့ နို့ကြီးနှစ်လုံးဟာ ထမီရဲ့ ကာကွယ်မှုအောက်မှ လွတ်မြောက်ကာ တဆတ်ဆတ်တုန်နေပါတယ်။ လရောင်နဲ့ မီးရောင်အောက်မှာ ထွန်းလင်းနေတဲ့ နောက်ထပ် လ နှစ်စင်းလိုပါပဲ။ ဒေါ်ရွှေနို့သည် ကြီးမားလှသော်လည်း (ကျန်းမာရေးကောင်းသူမို့ ထင်) အလွန်အမင်းအောက်သို့ လျောကျခြင်းမရှိပါ။ ပြီးတော့ နို့ကြီးနှစ်လုံးကို ဆပ်ပြာသုတ်ထားတဲ့လက်နဲ့ ဟိုပွတ် ဒီပွတ် ပွတ်ပါတယ်။ ဒီအချိန်မှာတော့ ကျွန်တော်ဟာ ဖီးအလွန်တက်လာလို့ ကိုယ့် ညီလေးကို ကိုယ်ကိုင်လိုက်တော့ မယုံနိုင်စရာ ကောင်းအောင် ညီလေးက သေးငယ်ရှုံတွနေပါတယ်.။ ကျွန်တော် အံ့သြ အားငယ်သွားမိပါတယ်။

ဒါနဲ့ ဒေါ်ရွှေ ရေချိုးတာကိုပဲ စိတ်ဝင်တစားဆက်ချောင်းမိပါတော့တယ်။ ဒေါ်ရွှေသည် ထမီကို အနည်းငယ်လျော့ကာ မတ်တပ်ရပ်လျက်က အဖုတ်နေရာ နဲ့ ဖင်ပိုင်းတွေကို လက်နဲ့ ဆေးကြောသုတ်သင်ပါတယ်။ ဒေါ်ရွှေလှုပ်ရှားမှုတိုင်းကို ဖြူဖွေးကြီးမားလှသော နို့ကြီးနှစ်လုံးက စည်းချက်ညီညီ လိုက်လံတုန်ခါ ပေးနေပါတယ်။ ဒေါ်ရွှေသည် ထမီကိုရင်မလျားတော့ပဲ ရေများကို အဆက်မပြတ်လောင်းချိုးပါတော့တယ်.။ ဆပ်ပြာမြှုပ် ဖြူဖြူများသည် ဒေါ်ရွှေရဲ့ လှပကြီးမားလှသော နို့ဖြူဖြူကြီးနှစ်လုံးပေါ်က နေ မဆင်းချင်ဆင်းချင် ဖြင့် ဖြတ်သန်းစီးဆင်းသွားကြပါတယ်။

တိုင်ကီအတွင်းမှ ရေက အလွန်နည်းလာဟန် ရှိတော့ ဒေါ်ရွှေသည် တိုင်ကီအောက်ကို ရောက်အောင် အနည်းငယ်အားစိုက်၍ ရေခပ်ရပါသည်။ ထိုသို့ အားစိုက်ရာတွင် နို့ဖြူဖြူကြီးနှစ်လုံးသည် တိုင်ကီ အစွန်းနဲ့ ဖိကပ်ပြီး ဖင်ကြီးကို ကုန်ပြီးခပ်ရာ ဖင်ကြီးမှာ လည်း ကြီးမားပြန့်ကားစွာ နောက်သို့ တွန်းထွက်နေပါသည်.။ ကျွန်တော်လည်း ညီလေးကို ကိုင်ပြီး တိုက်စစ် ဖွင့်ပါသော်လည်း ညီလေးသည် ကြီးမားလာခြင်းမရှိ။ ဖီးလ်ကား အလွန်တက်နေချေပြီ။ ဒေါ်ရွှေသည် ရေချိုးလို့ ဝ ဟန် ဖြင့် လက်နှစ်ဖက်ကို လွဲ၍ ခါပြီး ကျွန်တော့်ဖက်သို့ မျက်နှာမူကာ ခါးကိုလိမ်ပြီး ချိုးလိုက်ရာ ကျွန်တော့အား နို့ကြီးနှစ်လုံးကိုပင့်ကာကော့ပြသကဲ့သို့ ရှိလေရာ ကျွန်တော့်မှာ မထိန်းနိုင်တော့ဘဲ ညီလေးကို လက်နဲ့ အရမ်းဆောင့်မိပါတော့သည်။ ဒေါ်ရွှေသည် ရေလဲထမီကို ယူကာ ထမီရင်လျားလိုက်ချိန် တွင်တော့ ကျွန်တော်သည် လီးအနည်ငယ်သာမာလာပြီး အရည်ထွက်၍ ဆုံးခန်းတိုင်သွားပါတော့သည်.။ ဒေါ်ရွှေ လရောင် အောက်တွင် ထမီလျော်နေသည်ကို ကျွန်တော်လည်း ငူငူကြီးကြည့်နေရင်းက ကျွန်တော့် အကြောင်းကို ကျွန်တော်ကြောက်လန့်စွာ တွေးနေမိပါတော့တယ်..။ကျွန်တော့်စိတ်တွေအရမ်းလှုပ်ရှားနေပါသည်။ ဒေါ်ရွှေကို ချောင်းထားတာက တစ်ကြောင်း၊ကျွန်တော် ဖီးလ် အလွန်တက်သော်လည်း လီးမတောင်သည်ကိုစိုးရိမ်တာက တစ်ကြောင်းကြောင့်ပါ။ စိတ်လှုပ်ရှားလွန်းနေသဖြင့် ကျွန်တော်ဒူးတွေတောင် မခိုင်ချင်သလိုလိုဖြစ်နေသဖြင့် ကုတင်ပေါ်မှာပလက်လှန်ပြီး ခဏနားနေရပါတော့တယ်။ အတန်ကြာမှ ကုတင်ပေါ်မှထကာ အောက်ထပ်သို့ဆင်းလာပြီး ရေခဲသေတ္တာထဲမှ ရေအေးအေးတစ်ခွက်ကို အငမ်းမရသောက်မိပါတယ်.။ ကျွန်တော်စိတ်များ အတော်အတန်တည်ငြိမ်လာတော့မှ ပန်းသေတဲ့လူတစ်ယောက်ဟာ ဖီးလင်ရှိလျက် မတောင် နိုင်တာလား၊ ဖီးလင် ကို မရှိတာလား ဆိုတာကို သိချင်လာပါတော့တယ်.။ ဒီလိုနဲ့ အဲနေ့ည ကုန်ဆုံးပြီး နောက်တစ်နေ့မှာ ဆ၇ာတင်ရမယ့်၊ စိတ်ချရမယ့် လူတစ်ယောက်ကို လိုက်ရှာ ရပါတော့တယ်။စဉ်းစားရပါတော့တယ်။ ဒီမှာ စာအုပ်အငှားဆိုင်က ကိုအောင်အောင့်ကို သတိရမိတော့တာပါပဲ။

ဒါနဲ့ နောက်နေ့မနက်စောစောမှာ စာအုပ်အငှားဆိုင်က ကိုအောင့် ဆီကို လက်ဖက်ရည်သောက်သွား ခေါ်ရင်း မိမိလိုရာဖက်ကို ဆွဲပြီးစကားကို နည်းနည်းတောက်ကြည့်ပါတယ်။သူသိသလောက်တော့ ပြောပြသော်လည်း ကျွန်တော်လိုချင်သော အချက်အလက်များကို သေချာမရောက်ပါ..။ ကျွန်တော်ကိုယ်တိုင်လည်း ပွင့်ပွင့်လင်းလင်း ဖွင့်မမေးရဲပါ။သူ့ဆီမှ အချက်အလက်တစ်ခု ရတာက ဒေါက်တာမောင်မောင်ညိုသည် လိင်နှင့်ပတ်သက်သော ဆေးပညာများကို စာအုပ်ထုတ်ဝေကြောင်းပင်။”ကိုအောင့် ဆီမှာသူ့စာအုပ်တွေ ရှိလား” ဆိုတော့ သူဆီမှာ မရှိဘဲ မြို့ထဲက စာအုပ်ဆိုင်တစ်ဆိုင်ကို ညွှန်းလိုက်ပါသည်။

ကျွန်တော်လည်း အချိန်ဆွဲမနေတော့ဘဲ ဆိုင်ကယ်လေးပေါ်တက်ခွပြီး ကိုအောင်ပြောသောစာအုပ်ဆိုင်ကို ရောက်ခဲ့ပါသည်။ စာအုပ်ဆိုင်တွင် ဆိုင်ပိုင်ရှင်မိန်းမကြီးထိုင်နေပြီး ကျွန်တော်ဝင်သွားသွားချင်း
“ရဲမာန် ဘာစာအုပ်လာရှာလဲ၊ မေမေ တို့ကော နေကောင်းကြရဲ့လား “ ဆိုပြီး နှုတ်ခွန်းဆက်သ ပါတော့တယ်။(ကျွန်တော့် နာမည်သည် ရဲမာန်၊ရဲရဲ၊အိမ်တွင်အနီကောင်)
ကျွန်တော်လည်း “လိင်အကြောင်းသိကောင်းစရာ” ဆိုသောခေါင်းစဉ်မျိုးကို ဒီအန်တီကြီးရှေ့မှာ ဘယ်လိုမှ ဝယ်လို့ မဖြစ်တာ သေချာသွားလေပြီ။နောက်စာအုပ်ဆိုင်ဆိုတာကလည်း ကျွန်တော်တို့မြို့မှာ ကရွှေထက်ရှားပေမည်။ ကျွန်တော်လည်းစိတ်ပျက်လက်ပျက်နဲ
“ အန်တီ ဆိုင်ကကောင်မလေးတွေ မရှိလို့လား” ဆိုပြီး တည့်မေးလိုက်ရာ
“သားရေ သူတို့က စာမေးပွဲရှိလို့ ဒီတစ်ပတ်နှစ်ပတ်ကို အန်တီပဲ ဆိုင်ထိုင်ရမယ်” ဆိုတဲ့အဖြေကို ရပါလေရာ ကျွန်တော်လည်း ဟိုကြည့်ဒီကြည့်လုပ်နေပြီး ရွှေဥဒေါင်းရဲ့ ဝတ္တုတစ်အုပ်ကို ကောက်ကိုင်ပြီး မြည်းကြည့်နေချိန်ဝယ် အမျိုးသမီးတစ်ယောက် ဆိုင်ထဲသို့ဝင်လာကြောင်း ရေမွှေးနံ့ နှင့် နှုတ်ဆက်သံတို့ကြောင့်သိလိုက်သည်။ ကျွန်တော်လည်း ရွှေဥဒေါင်းစာအုပ် ကို ဝယ်မည်ဟု ဆုံးဖြတ်ပြီး ဆိုင်ရှင် အန်တီကြီးဆီအလာတွင် အမျိုးသမီးတစ်ယောက်က အခြားတစ်ဖက်မှ စာအုပ်တစ်အုပ်ကိုင်ပြီး ဆိုင်ရှင် အန်တီ ထံလျှောက်လာလေသည်။ အမျိုးသမီးသည် အသားဖြူဖြူ၊မျက်ခုံးကောင်းကောင်း၊ စွဲဆောင်မှု ရှိသော ရုပ်ရည် ရှိပေသည်။ ကျွန်တော်တို့ တပြိုင်နက်နီးပါး ကောင်တာကို ရောက်သဖြင့် ကျွန်တော့် ထုံးစံအတိုင်း အားနာစွာနဲ့သူ့ကို ဦးစားပေးကာ မျက်နှာကို ထပ်မကြည့်ရဲသဖြင့် အမျိုးသမီး၏ ခြေချောင်းလေးများကို ကြည့်နေမိသည်။ သူ့ခြေထောက်ကလေးသည် အလွန်လှပါသည်။ စီးလာသော ခြေညှပ်ဖိနပ်လေးနဲ့ အလွန် လိုက်ဖက်ပါပေသည် ဟု စိတ်ထဲမှ ချီးကျူးမိပြီး အမျိုးသမီးလက်ချောင်းကလေးများကို ကြည့်လိုစိတ်ပြင်းလာသောကြောင့် ခိုးကြည့်မိ၏။ လက်ဖြူဖြူလေးပေါ်တွင် အမွှေးနု ဝါကျင်ကျင်လေးများက လက်ဖျံတလျှောက်တွင် ရင်ခုန်ဖွယ်အတိ။ လက်ချောင်းသွယ်သွယ်ရှည်ရှည်လေးတွေ ကိုလက်သည်းနီ ပန်းရောင်ဆိုးထားပြီးလက်ခုံတလျှောက် တွင် မွေးညှင်းစိမ်းလေးများ။ လက်ထဲတွင်တော့ စာအုပ်တစ်အုပ်ကိုင်ထားသည်။ စာအုပ်ပေါ်တွင်

ဒေါက်တာမောင်မောင်ညို
သိပ္ပံ နည်းကျ ဖိုမ ဆက်ဆံရေး


ကျွန်တော့်ရင်ထဲက တစ်စုံတစ်ခုသောတွန်းအားက ဒုန်းကနဲ အသံကြီးမြည်ပြီး တွန်းပို့လိုက်သလို အမျိုးသမီးမျက်နှာကို ကျွန်တော့် အသိမပါဘဲနဲ့ အလိုအလျောက် သေချာကြည့်မိလိုက်ပါတော့သည်။ သူရဲ့ လှပတဲ့ နှုတ်ခမ်း နီနီလေး တစ်ဖက်ကို အပေါ်သို့ တွန့်ကွေးလျက် ကျွန်တော့်ကို ပြုံးပြပြီးချာကနဲ လှည့်ကာ ကားကားစွင့်စွင့် တင်များကို တစ်လုံးချင်းလှုပ်ခါသွားအောင် လျှောက်လှမ်းထွက်ခွာသွားသည်။ ကျွန်တော်သာ ပါးစပ်အဟောင်းသား နဲ့ကြက်သေသေလျှက် ကျန်ခဲ့သည်။ အဲဒီနေ့တစ်နေကုန် ကျွန်တော့် ပြသနာကို ရှာဖွေဖို့နည်းလမ်းများကို လက်လျော့လိုက်ရပြီးနောက် အကြံအိုက်နေစဉ် ဆိုင်ကယ်တစ်စီးနဲ့ တစ်မြို့လုံးအနှံ့ဟိုမှ ဒီသို့ ဆိုင်ကယ်ဦးတည့်ရာ လျှောက်မောင်းနေမိပါတော့သည်။အကြော်ဆိုင်၊ လက်ဖက်ရည်ဆိုင်၊ဘုရား နေရာမျိုးစုံလည်းရောက်ခဲ့ပြီ၊ပိုက်ဆံပါသမျှလည်းကုန်ပြီ။
ညနေစောင်းမှာ လေကောင်းလေသန့်ရှူပြီးတစ်ယောက်တည်း ထိုင်လို့ရမယ့်နေရာကို ရောက်လာခဲ့ပါတယ်။ တစ်ယောက်တည်းထိုင်ချင်ပါတယ် ဆိုမှ ၈ တန်းတုန်းက ကျောင်းထွက်ပြီး အလုပ်လုပ်နေတဲ့ သူငယ်ချင်းဟောင်းတစ်ယောက်နဲ့ ပက်ပင်းကြီးတွေ့လို့ စကားစမြည်ပြောနေရပါသေးသည်။
“ကိုရဲ မင်းဆယ်တန်း ဖြေနိုင်လားကွ။”

“မဆိုးပါဘူးကွာ၊အောင် ကောင်းပါရဲ့၊ မင်းကော စီးပွားရေးကောင်းရဲ့လား”

“အေး ကောင်းတယ် လို့ ပြောလို့ရတယ်ကွ၊ ငါကျောင်းကထွက်တော့ (ဗီဒီယို)ခွေငှားဆိုင်မှာ လုပ်နေတာ၊ တစ်နှစ်ခွဲလောက်အဲ့မှာ လုပ်ပြီးတော့ သူတို့လုပ်နေတဲ့ ပုံစံနဲ့ အမြတ်အစွန်းကို နားလည်လာတော့ ငါ့ဆိုင်ကယ်ကို ရောင်းပြီး အခု ကိုယ်ပိုင် အငှားဆိုင် ထောင်လိုက်တယ်ကွ။ ခု တစ်နှစ်နီးပါး ရှိတော့ ဗီဒိယိုရုံ နှစ်ရုံပါ ---ထဲ နဲ့---ထဲမှာ ထောင်ထားတယ်ကွ။ ဗီဒီယိုရုံမှာ မုန့်တွေ ဆေးလိပ် ကွမ်းယာပါ တင်တယ်လေကွာ။ င့ါညီမ မိမိ တို့ရောင်းတာပေါ့။ ကွမ်းကတော့ သူများဆီက ယူရောင်းတယ်ကွ။ အခုဒီနားက ကွမ်းဆိုင်ကို အော်ဒါ ကိစ္စ လာပြောတာကွ။ “

“အေး ဒီနားက ---ဆိုင်လား၊ ကွမ်းကောင်းတယ်လို့တော့ ငါကြားဖူးတာပဲ”

“မင်းကော အခုဘာတွေ လုပ်ဖို့ရှိလဲ၊ DSA ဖြေမှာလား၊ ကျောင်းပဲတက်မှာလား၊ နိုင်ငံခြားတွေဘာတွေ သွားမှာလား”

“ငါလား မသိသေးပါဘူးကွာ။ အမှတ်ကလည်း ရှိသေးတာကိုး”

သူငယ်ချင်းနဲ့ စကားကောင်းနေချိန်တွင် အမျိုးသမီးတစ်ဦး စက်ဘီးတစ်စီးနဲ့လာနေသည်ကို သတိထားမိသည်။ ကျွန်တော်မှတ်မိပါသည်။ ကျွန်တော်ရင်ခုန်သံကလည်း သူ့ကို မှတ်မိကြောင်းသက်သေ ပြပါသည်။ စာအုပ်ဆိုင်မှာ ဟိုစာအုပ်ဝယ်သွားသည့် အမျိုးသမီး။

လေအလွန်တိုက်သော ထိုနေရာတွင် အမျိုးသမီးဝတ်ထားသော ထမီစကတ်အကွဲသည် လက်နဲ့ထိန်းနေသည့်ကြားက စက်ဘီးနင်းလိုက်တိုင်း ဖြူဖွေးသော ခြေသလုံးသားကစ်ကစ်လေးမှသည် ဒူးလုံးလုံးပြည့်ပြည့်လေး အထိ လန်လန်တက်နေသည်။ ထမီစကတ်ကို လက်နဲ့ ကုန်းဖိနေရသောကြောင့် ဆံပင်ကျောလည်လောက်သည် ရှေ့သိုဝဲကျကာ မျက်နှာကိုဖုံးအုပ်ပြီးလေတွင် တဝဲဝဲ တလွင့်လွင့်။အင်္ကျီအသားကလည်း စပန့်သားကဲ့သို့ပျော့ပြောင်းပါးလှပ်သော အသားဖြစ်သည့်အားလျော်စွာ သူမ၏ခန္ဒာကိုယ် အပေါ်ပိုင်းတစ်ခုလုံးကိုအတိုင်းသား။ ကျွန်တော်တို့ရှေ့ကအဖြတ်တွင် သူက ပြုံးယောင်ယောင် မျက်နှာပေးနဲ့ ကျွန်တော်တို့နှစ်ယောက်ကို ကြည့်သွားသည်။ ကျွန်တော်သည်လည်း သူမကျော်သွားသည် နှင့်သမင်လည်ပြန်သည်အထိ လိုက်ကြည့်မိသည်။ သူမ၏ လုံးကျစ်ပြန့်ကားသော ထိုင်ခုံထက်မှ တင်သားများသို့။

ကျွန်တော့်အကြည့်ကို ရိပ်မိသော သူငယ်ချင်းက

“ နှင်းတို့ကတော့ မိုက်တုန်းပဲ”

“ဘယ်သူ။ မင်းသူ့ကို သိလို့လား”

“နာမည်ကြီးလေကွာ တော်တော်များများသိကြတယ်။ မင်းသာ အိမ်တွင်းပုန်းမို့ မသိတာ”

“ဘယ်လို နာမည်ကြီးတာလဲ ကွ”

“သူငယ်ချင်း ငါအခုပြောမှာ အတင်းလိုမျိုးဖြစ်နေမယ်။ ငါသိသလောက် မင်းကို စေတနာနဲ့ ပြောတယ်လို့ပဲ စိတ်ထဲမှာ မှတ်ထားကွာ။ ဒီစော်က
နည်းနည်းရှုပ်တယ်၊ သူနဲ့ပတ်သက်တဲ့ ယောက်ျားလေးတွေ တော်တော်များများ ဒုက္ခရောက်တတ်ကြတယ်လို့ကြားဖူးတယ်။မြင်ဖူးတယ်။ ဒါပေမယ့် ဘယ်လိုပုံမျိုးနဲ့ဒုက္ခရောက်သလဲတော့ ငါလည်းသေချာ မသိဘူး။ကဲငါဆိုင်သွားပြီး ညကား ပြဖို့ အခွေတွေ ရုံတွေကို ပို့ရဦးမယ်။”

“ညကား ဆိုတာ ဘာလဲကွ ဟဲ ဟဲ”

“ဟေ့ကောင်ရေ အဲလိုကားလေးတွေတခါတလေပြပြီး ကြေငြာရတာပေါ့ကွာ။မင်းပျင်းရင် ဆိုင်လိုက်ခဲ့လေ”

ကျွန်တော့်ခေါင်းထဲတွင်အတွေးတစ်ချက်လက်သွားသည်။ အောကားကြည့်လျှင် ကျွန်တော်ပန်းသေမသေ သိနိုင်ပေတာပဲ။
ကျွန်တော်အလွန်ပျော်သွားသည်။ စိတ်ထဲမှာ လွတ်လပ်သွားသည်။

“အေးငါလိုက်ခဲ့မယ်။ ငါလည်းအခွေမကြည့်ရတာကြာလို့ ကြည့်ချင်နေတာ အတော်ပဲ” ဒီလိုနဲ့ သူငယ်ချင်း အခွေဆိုင်က အောခွေတစ်ခွေ နဲ့ NC 17 နှစ်ခွေ ယူလာပြီး အိမ်ပြန်လာခဲ့သည်။အိမ်ပြန်ရောက်တော့ ဒေါ်ရွှေနဲ့တခြားအမျိုးသမီးတစ်ယောက်ကို မေမေနဲ့အတူ ဧည့်ခန်းမှာထိုင်နေတာ တွေ့လိုက်ရသည်။ ဒေါ်ရွှေ့မျက်နှာလည်း မကောင်းသလို မေမေ့မျက်နှာသည်လည်း စိတ်ရှုပ်ဒေါသ ထွက်နေဟန်ရှိ၏။
ကျွန်တော်လည်း အခွေတွေကို ကျွန်တော့်အခန်းထဲတွင် ဖွက်ထားပြီးညကျမှ ကြည့်ရင်ပြင်ဆင်ထားရင်း ကျွန်တော်စိတ်တွေ အရမ်းစောပြီး ထိုင်မရ ထမရ ဖြစ်နေခဲ့သည်။ခဏနား ရေမိုးချိုးပြီး ထမင်းစားရန်အောက်ထပ်ကို ဆင်းလာတော့ အမျိုးသမီးတစ်ယောက် ငိုသံကိုကြားရ၏။ ကျွန်တော့်စိတ်ထဲမှာ မေမေ့ကို အရမ်းစိတ်ပူသွားမိသည်။ မေမေများငိုနေတာလား။မေမေတို့အခန်းမှလာသော ငိုသံ။ ဒါနဲ့ကျွန်တော်မေမေတို့အခန်းနားကို ချဉ်းကပ်မိသည်။ မေမေ့စကားပြောသံကို ကြားနေရသည်။ ငိုသံသည် တခြား အမျိုးသမီးတစ်ဦး ဖြစ်၏။ဒါနဲ့ ကျွန်တော်လည်း ထမင်းစားခန်းသို့ ဝင်လာခဲ့သည်။ မေမေကိုခေါ်မလို့လုပ်ပြီးမှ ဖေဖေပြန်မရောက်သေးတာသတိထားမိသည်။ မေမေသည် ဖေဖေမပါဘဲ ဘယ်တော့မှ ညစာ မစားတတ်။ ဖေဖေသည်လည်း ညတိုင်း အိမ်မှာထမင်းစားသည်။ ဧည့်ခံပွဲသွားစေဦးတော့ အိမ်မှာ ထမင်းစားဖို့ကို ဗိုက်ထဲမှာနေရာ နည်းနည်းချန်ထားသည်ဟု ဆိုလေ့ရှိသည်။ ဒါနဲ့ ကျွန်တော်တစ်ယောက်တည်းသာ ထမင်းစားနှင့်လိုက်သည်။ တစ်နေ့လုံးဘာမှ ဟုတ်တိပတ်တိ မစားထားသဖြင့် အလွန်စားလို့ကောင်းသည်။ ကျွန်တော်ဒုတိယမြောက် ထမင်းထ ထည့်စဉ် မေမေ နဲ့ ဒေါ်ရွှေ အိမ်ခန်းထဲမှာ ထွက်လာသည်။ဒေါ်ရွှေ့မျက်နှာသည် အလွန်အမင်းငိုထားဟန် ရှိ၏။
“ကျေးဇူးတင်ပါတယ် မမရယ် လို့လည်း မေမေ့ကိုပြောသံကြားရ၏။ မေမေကတော့ “ရွှေရွှေရယ် ကိုယ့်အမျိုးလိုသဘောထား၊ အေးအတူ ပူအမျှ ပေါ့ကွယ် ” လို့လေသံ ခပ်အေးအေးနဲ့ပြောနေပါသည်။

ဒေါ်ရွှေအိမ်ရှေ့အထွက်မှာပဲ ဖေဖေ့ကား ဝင်လာပါတော့တယ်။ “ဗိုက်ဆာတယ် ထမင်းခူး” ဆိုတဲ့ဖေဖေ့အသံကျယ်ကျယ်နဲ့အတူ လမ်းလျှောက်သံတဝုန်းဝုန်းကို လည်း ကြားရပါတော့သည်။ ကျွန်တော်လည်း စားလက်စ ထမင်းပန်းကန်ကို လက်က ကိုင်လျှက် နောက်ဖေးက ဖြိုးဖြိုး(အိမ်ဖော်ကောင်မလေး)တွေ နားမှာ ငုတ်တုတ်ထိုင်ပြီးသွားစားနေလိုက်ပါသည်။ ကျွန်တော်ထမင်းစားပြီးတော့ ဖေဖေ နဲ့မေမေ ထမင်းစားခန်းမှာ ထမင်း စ စားနေကြလေပြီ။ “ဟိုကောင် ခင်အောင်လေ အိမ်ပေါင်ထားတယ် တဲ့” မေမေ ကဖေဖေ့ကို ဒေါ်ရွှေ့ယောက်ျားအကြောင်းပြော နေခြင်းပါ။ကျွန်တော်လည်း ဒေါ်ရွှေ့အကြောင်းကိုစိတ်ဝင်စားသူဖြစ်သည့်အားလျော်စွာ မယောင်မလည် နဲ့ ခိုးနားထောင်နေမိပါတော့သည်။
“အိမ်က ဆုံးတော့မှာမို့ ဈေးဖြတ်ပေးမယ်လို့ လာပြောနေတယ်၊ ညီမတို့ ဝယ်လိုက်မယ်လေ”
“ဘာလုပ်ဖို့တုန်း”ဖေဖေ့ရဲ့ တုံးတိတိ အသံ။
“ ရွှေရွှေနဲ့ ကလေးနှစ်ယောက်ခမျာ သနားပါတယ်၊ နေစရာ မရှိရင်ပိုဆိုးသွားမှာပေါ့၊ ညီမအလုပ်က လည်း နေရာနည်းနည်းကျဉ်းလာပြီဆိုတော့ ရွှေရွှေတို့ဝိုင်းထဲရွေ့ ရွှေရွှေတို့ကို သူတို့အိမ်မှာပြန်ထားပြီး ရွှေရွှေကို ညီမ အလုပ်ထဲမှာ ကူခိုင်းမယ် စိတ်ကူးထားတယ်၊ သူက အားကိုးရတယ်၊ ရိုးသားတယ်လေ”
“ဘယ်လောက်တဲ့တုန်း”
“ဈေးကတော့ နည်းနည်းများနေလို့ ကို နဲ့တိုင်ပင်တာ။ သုံးသိန်းခွဲတဲ့” (ထိုစဉ်က စူပါစလွန်း တစ်စီးမှ ငါးသိန်းခွဲ ခြောက်သိန်းသာ ရှိသည်။)
“အင်း။ကပ်လျှက်အိမ်ဆိုတော့ ယူတော့ထားသင့်ပါတယ်လေ။ မင်းအလုပ်ကို အဲ့ဘက်ဝိုင်းကိုအားလုံးပြောင်းပေါ့။သူတို့ကို ကူညီရာလည်းရောက်တာပေါ့။ စာချုပ်စာတန်း သေသေချာချာလုပ်ဖို့ ဦးဇော်(ရှေ့နေ) နဲ့ စီစဉ်လိုက်။ ကလေးတွေကိုလည်း ကျောင်းထားပေးလိုက်။ ကူညီမယ့်ကူညီအားလုံးအဆင်ပြေအောင်ကူညီ။ခင်အောင်ကို အိမ်ထဲပေးမဝင်နဲ့။ ခင်အောင်ပြန်လာနေမယ်ဆိုရင် တခြားအိမ်ရှာလို့ မရွှေကို တခါတည်းအပြတ်ပြောထား” ဟု ဖေဖေက ဆုံးဖြတ်ချက်ချရင်း ထမင်းပန်းကန်ကိုတွန်းဖယ်လိုက်ပြီး သဘောင်္သီးပန်းကန်ကို အနီးသို့ရွှေ့လိုက်သည်။
“အဲဒါဆို ညီမရွှေရွှေကိုခေါ်လိုက်မယ် ။ ကို ပါဝိုင်းပြောလိုက်ရင်းကောင်းမယ်” မေမေ့အသံကိုနောက်မှာချန်ထားခဲ့ပြီး ထွက်လာခဲ့မိ၏။

ကျွန်တော်လည်း မိမိအိပ်ခန်းထဲသို့ဝင်လာခဲ့သည်။လေတဖြူးဖြူးတိုက်သော ဝရံတာတွင် ပလက်ကုလားထိုင်ချ ထိုင်ရင်း မေ့ကနဲ အိပ်ပျော်သွားမိသည်။အိပ်မက်ထဲတွင် လေတဖြူးဖြူးတိုက်နေသော နေရာတစ်ခုတွင် နှင်းသည် ကျွန်တော်ဆီသို့ နှုတ်ခမ်းလေး တဖက်တွန့်ပြုံးရင်းလျှောက်လာနေသည်။ဆံပင်တွေက လေတွင်ပျံကြဲနေ၏။ ထမီစကတ် ကိုဝတ်ထားရာ လေအဝှေ့မှာ စကပ်ကွဲကြောင်းက တဖျပ်ဖျပ် လွင့်နေ၍ ခြေသလုံးသား ဖြူဖြူလေးများကို မြင်နေရသည်။ တခါတရံတွင် ဒူးထိအောင်တက်သွားပြီး တခါတရံတွင်း ပေါင်တွင်းသားလေးတွေကို မြင်ရတော့မတတ်။ နှင်းသည် ကျွန်တော်ရှေ့တွင် ရပ်လိုက်ပြီး အင်္ကျီကို ဆွဲချွတ်လိုက်ရာ ဒေါ်ရွှေ့ရဲ့ဖြူဖွေးကြီးမားလှသော နို့ကြီးနှစ်လုံး ထွက်ကျလာသည်။ ရေစက်ရေသီးလေးများပင် နို့ပေါ်မှာ တွဲခိုနေသေးသည်။ ကျွန်တော် နှင်းကို သေချာပြန်ကြည့်လိုက်တော့ ဒေါ်ရွှေဖြစ်သွားပြီး အပေါ်ပိုင်းတွင် အင်္ကျီမပါဘဲ ကြီးမားလုံးဝန်း ပြီးဖြူဖွေးနေသော နို့ကြီးနှစ်လုံးသည် တဆတ်ဆတ်တုန်လျက်။ ဒေါ်ရွှေသည် ကျွန်တော်ဆီသို့တိုးလာပြီး ကျွန်တော့်ကို တက်ဆောင့်ပါတော့သည်။ သုံးချက်လောက်ဆောင့် အပြီးမှာ ကျွန်တော်ပြီးသွားပြီး အိပ်နေရာမှလည်းလန့်နိုးပါတော့သည်။ အပြင်မှာလည်း ကျွန်တော့်ပုဆိုးတွင် သုတ်ရည်များစိုရွဲနေပါတော့သည်။

ကျွန်တော် အရင်က မတွေ့ကြုံဖူးသေးသော အဖြစ်အပျက်ပါ.။အိပ်မက်ထဲမှာပင်ဖြစ်လင့်ကစား တော်တော်အရသာရှိလှပါသည်။ လူကော စိတ်ပါအလွန် လန်းဆန်းနေသလို ထင်ရပါသည်။ ကျွန်တော်စဉ်းစားမိသည်က ကျွန်တော်သည် သူများနဲ့မတူ တမူထူးခြားနေပြီလား။ ကျွန်တော့်မှာလိင်နဲ့ ပတ်သက်သော ရောဂါ တစ်ခုခုများစွဲကပ်နေလေပြီလား။တကယ့်တကယ် မိန်းမအဖုတ်ထဲကို ထည့်ရလျှင်ယခုအရသာနဲ့ တူမည်လား။ ထိုအတွေးများထဲမှ မိမိကိုယ်ကို ရုန်းမထွက်နိုင်တော့ပါ။ ကျွန်တော့်အဖြစ်က ပြသနာတစ်ခုမှ မဖြေရှင်းရသေးခင် နောက်ထပ်ပြသနာ တစ်ခုကထပ်ရောက်လာသလိုဖြစ်နေလေပြီ။စိတ်တွေလည်း တော်တော်ကျဉ်းကျပ်နေလေပြီ။ လိင်ကိစ္စနဲ့ပတ်သက်ပြီး စိတ်ဓါတ်လည်း ကျလာပြီး မိမိ ပစ္စည်းကို မိမိ စိတ်ပျက်လက်ပျက် နဲ့ကိုင်တွယ် ကြည့်ရှု နေမိသည်။

အတန်ကြာမှ မူလ အစီအစဉ်အတိုင်း အောကားကြည့်၍ ပန်းသေသည် မသေသည် ကို စမ်းစစ်ရန် ဆုံးဖြတ်ချက် ချပြီး တီဗီရှိရာ အောက်ထပ်ဧည့်ခန်းသို့ ဆင်းလာခဲ့သည်။ ဧည့်ခန်းအတွင်းတွင် ဒေါ်ရွှေနှင့်ကလေးနှစ်ယောက် ၊ဖေဖေ၊မေမေ တို့ အစည်းအဝေးသည် မပြီးပြတ်သေး။ ကျွန်တော်သည် ဒေါ်ရွှေ့ကို ကောင်းကောင်းမျက်နှာချင်း မဆိုင်ရဲသော်လည်း သူ့ကိုဂရုစိုက်ကြောင်း ပြလိုသဖြင့် သားနှစ်ယောက်ကို လှမ်းခေါ်ပြီး ရေခဲသေတ္တာထဲမှ ချောကလက် တစ်ယောက်တစ်ခုစီ ပေးလိုက်ပါသည်။ အကြီးကောင် ကိုမင်းသည် ခြောက်တန်းဖြစ်ပြီး အငယ်ကောင်က ကိုရဲ(ကျွန်တော် နှင့်နာမည်တူ) သည် လေးတန်း ဖြစ်သည်။ သူတို့ နှစ်ယောက်ကို ကျွန်တော့်အခန်းထဲခေါ်သွားပြီး ကျွန်တော်ငယ်ငယ်က ကစားသော အရုပ်မျိုးစုံ ထင်းရှူးသေတ္တာနဲ့ တစ်လုံးပေးလိုက်ပါသည်။ ညီအစ်ကိုနှစ်ယောက်သည် အလွန်အမင်းပျော်မြူးသွားပြီး သေတ္တာကို မနိုင့်တနိုင်သယ်ဖို့ကြိုးစားကြသဖြင့် ကျွန်တော့်မှာ အတင်းတား ပြီး ကားသမား ကိုမြင့်ကြည် ကို လှမ်းခေါ်ပြီးအောက်ထပ် သို့ ချခိုင်းရပါသည်။

ဧည့်ခန်းအတွင်းသို အပြေးအလွှားဝင်သွားကြသော ညီအစ်ကို နှစ်ယောက် ကို ဒေါ်ရွှေက ‘သားတို့ အရမ်းမဆော့ရဘူး ဟု ဟန့်လိုက်သည်။ အကြီးကောင်က “ကိုကြီးအနီကောင် က သားတို့ကို အရုပ်တွေ အများကြီးပေးတယ်။ သေတ္တာလိုက်ကြီးဗျ” သေတ္တာ မ လာသောကိုမြင့်ကြည်က “အနီကောင် ဘယ်နား ချရ မလဲ” ဟု ကျွန်တော့်အားမေးရာ “ဒေါ်ရွှေတို့ အိမ် ကို ပို့ပေးလိုက်ပါဗျ “ လို့ ကျွန်တော်လည်း ပြန်ပြောလိုက်ရာ မေမေက ဝင်၍ “သား ဒေါ်ရွှေ မှော်(ကျောက်တူးသောနေရာ) ထဲ အရေးတကြီးလိုက်သွားစရာ ရှိလို့ ကလေးနှစ်ယောက် ဒီအိမ်မှာပဲ နေခဲ့ရမယ် ဆိုတော့ ခုလောလောဆယ် အရုပ်သေတ္တာကို အောက်ထပ်မှာပဲ ထားလိုက်ဦး။ ကဲမြင့်ကြည် အရုပ်သေတ္တာထားပြီးရင် ရွှေရွှေအတွက် ကားလက်မှတ်ရနိုင်သေးသလားသွားကြည့်။”

ကိုမြင့်ကြည် ကုတ်ကုတ် ကုတ်ကုတ် နဲ့ ထွက်သွားပြီးနောက် ကျွန်တော်လည်း ခပ်တည်တည်နဲ့ ဧည့်ခန်းတွင်းမှာ ဝင်ထိုက်လိုက်သည်။ စိတ်ထဲမှာတော့ကြောက်နေသည်။ ဒေါ်ရွှေ့ကို ချောင်းထားလို့ မျက်နှာပူတာကော၊ အရေးကြီးတဲ့စကားများပြောလျှင် မောင်းထုတ်တတ်သော မိဘနှစ်ပါး၏ နှုတ်ကိုကော။ သို့သော် မေမေက ကျွန်တော့်ကို မောင်းမထုတ်ဘဲ“ကဲရွှေရွှေ ညည်းကိစ္စကို အခုဆုံးဖြတ်တဲ့အတိုင်းလုပ်နိုင်လျှင် လုပ်ပေတော့။ အဲဒါက ညည်းရော ကလေးနှစ်ယောက်လုံးအတွက်ပါ အကောင်းဆုံးဖြစ်လိမ့်မယ်လို့ အစ်မတို့ယူဆတယ်။ ဒီအတိုင်းလုပ်မယ် ဆိုရင် ညည်းတို့ ခြံကိစ္စ အလုပ်အကိုင် စားရေးသောက်ရေး တွေ ငါတို့တာဝန်သာထား။” ဒေါ်ရွှေသည် နီရဲ အစ်ဖောင်းနေသော မျက်လုံးမှ မျက်ရည် တို့ကိုထိန်းရန် မျက်တောင်ကို အနည်းငယ်ခတ်လိုက်ရင်း အံ့ကြိတ်လျက် “ဟုတ်ကဲ့ပါ အစ်မရယ်၊ အစ်မတို့ ပြောတာတွေလည်း အရမ်းမှန်ပါတယ်။ အခုကူညီပေးနေတာတွေကိုလည်း ဘယ်လိုကျေးဇူးတောင် ဆပ်ရမှန်းမသိပါဘူး။ ရွှေ သားနှစ်ယောက်အတွက် ဘာပဲ လုပ်ရလုပ်ရပါ။ အစ်မတို့လည်း ရွှေတို့အတွက် နဲ့ စိတ်ရောလူရော ပင်ပန်းနေတာ အရမ်းအားနာပါတယ်။”

မေမေက ပြုံးလျက် “ကဲ ဒီညတော့ အိပ်တော့။ မနက်မှ စဉ်းစားပြီးဆုံးဖြတ်တော့ ကားလက်မှတ်က ညနေမှဆိုတော့ အချိန်ရပါသေးတယ်၊ ငါတို့လည်း နားတော့မယ်။” ဆိုပြီးဒေါ်ရွှေ့ကို အိမ်ပေါက်ဝ ထိ လိုက်ပို့ကြပါသည်။ ကလေးနှစ်ယောက်နဲ့ ဒေါ်ရွှေ ပြန်သွားတော့မှ မေမေက “အစကတည်းက ဒီကောင် ဒီလောက်ဆိုးမှန်း မသိလို့” ဆိုပြီး ကိုခင်အောင်နဲ့ဒေါ်ရွှေ ကိစ္စကို ဇာတ်လှန်ပါတော့သည်။ ကိုခင်အောင်သည် မအောင်မြင်သော ကျောက်သမား မဟုတ်ပေ။ အတန်အသင့် အောင်မြင်ပြီး ဝင်ငွေလည်းကောင်းပေသည်။ သို့သော် အရက်၊ဖဲ နှင့်မခွဲနိုင်သဖြင့် မွဲပြီးရင်း မွဲ၏။ နောက်ဆုံး ခြံနှင့် အိမ်ကို ဒေါ်ရွှေမသိအောင် ပေါင်ပြီးသုံးပစ်သည်။ ဆုံးခါနီးမှ အပေါင်ခံတဲ့ အမျိုးသမီးက ဒေါ်ရွှေ အကြောင်းသိ၍ သနားပြီး လာပြောသည်။ ဈေးဖြတ်ပေးသည်။ ဒီလိုနဲ့ ကျွန်တော့်မေမေက အိမ်နဲ့ဝိုင်းကို ဖြတ်ဝယ်ပြီး ဒေါ်ရွှေတို့ကို ဟန်မပျက်ထားမည်။ အိမ်နှစ်အိမ်ကြားထဲမှ အုတ်တံတိုင်းကို ဖျက်ကာ မေမေ့လုပ်ငန်းကို ဒေါ်ရွှေတို့ ခြံဘက်တွင် အခြေချမည်။ အချိန်အထိုက်အလျောက်အတွင်းမှာ ဒီလုပ်ငန်းကို ဒေါ်ရွှေ့ကို တာဝန်အားလုံးလွှဲပေးမည်။ မေမေက အခုအစပျိုးနေသော နောက်ထပ်လုပ်ငန်းတစ်ခုကို အောင်မြင်အောင် စိတ်နစ်ပြီးလုပ်တော့မည်။ ဒေါ်ရွှေတို့ စားဝတ်နေရေး၊ ကလေးကျောင်းလခများကို တာဝန်ယူမည်။ ဒေါ်ရွှေလုပ်ငန်းကို နိုင်နိုင်နင်းနင်းလုပ်နိုင်တဲ့အချိန်တွင် စုနိုင်ဆောင်းနိုင်မည့် ငွေပမာဏကိုလည်း သတ်မှတ်ပေးမည်။


အားလုံး ဇာတ်လှန်ပြီးတော့မေမေက မောသွားဟန် နဲ့ “ကဲ ငါရေမိုးချိုးပြီး နားတော့မယ်၊ ဖေဖေတော့ ဘုရားရှစ်ခိုးနေလောက်ပြီ”ဆိုပြီး အိမ်ခန်းထဲဝင်သွားလေတော့သည်။ ကျွန်တော်လည်း မေမေတို့ အိပ်ချိန်လောက်မှ ဗီဒီယို ကြည့်မည်ဖြစ်၍ တီဗီမှလာနေသော အစီအစဉ်များကို စိတ်မပါလက်မပါ ထိုင်ကြည့်ရင်း အချိန်ဖြုန်းနေရပါသည်။ တီဗီကြည့်နေရင်းမှ ယနေ့ ဒေါ်ရွှေ ရေတစ်ခါသာ ချိုးကြောင်းကိုသွားသတိရ၍ ပြုံးမိပါသေးသည်။

ညအနည်းငယ် မိုးချုပ်မှ ကျွန်တော် NC17 တစ်ခွေကို အရင်ကြည့်ဖြစ်သည်။ စိတ်ဝင်စားစွာကြည့်ဖြစ်သည်။ ကျွန်တော့် ညီလေးသည် ပုံမှန်လူတစ်ယောက်ကဲ့သို့ပင် ကြီးထွားသန်မာလာပြီး အကျောအပြိုင်းပြိုင်းထ ကာ နီရဲသော ဒစ်ကြီးပွင့်လျက် တစ်စုံတစ်ခုကို ငတ်မွှတ်တောင့်တ နေသကဲ့သို့ တဆတ်ဆတ်တငင်ငင် ဖြစ်နေပါသည်။ ကျွန်တော်ပန်းမသေ ဟုကိုယ့်ဘာသာ ကောက်ချက်ချပြီးဝမ်းသာခြင်းနှင့်အတူ ငတ်မွှတ်ဆာလောင်ကာ တစ်စုံတစ်ခုကို အားရပါးရ ဆောင့်ဆက်ပြီး တစ်ခုခု လုပ်ပလိုက်ချင်စိတ်တွေ တဖွားဖွားပေါ်လာသည်။ ထို့နောက် ဒေါ်ရွှေ့ကို အရင်ဆုံးသတိရသည်။ အိမ်ထဲမှ အများသုံး ရေချိုးခန်း အိမ်သာထဲ ဝင်လာခဲ့သည် အထိ ညီလေးသည် ကြီးမားရှည်လျားပြီး ဆာလောင်နေဆဲ။ ဒေါ်ရွှေ့ကို မှန်းပြီး ဂွင်းတိုက်မိ၏။ ပြီးခါနီးတွင်တော့ နောက်တစ်ယောက်ကို မတွေးဘဲနဲ့ သတိရမိ၏။ သူမ အမည်ကို အသံထွက်ရင်းပြီးသွားသည်.. နှင်းရေ............. နှင်းကျွန်တော် ကောင်မလေး တော်တော်များများကို စိတ်ဝင်စားခဲ့ဖူးပါသည်။ ချစ်ခဲ့ဖူးပါသည်။ နှင်း အတွက် ခံစားချက်သည် သူတို့ နဲ့ မတူပေ။ ထူးခြား၏။ နှင်းကို မြင်မြင်ချင်းရူးသွပ်သွားခြင်းမျိုး မဟုတ်။ သို့သော် နှင်း၏ အပြုအမူများ သည် မြင်မြင်ခြင်းကျွန်တော့် ရင်ထဲသို့ ဖောက်ထွင်းဝင်သွားဘိ ကဲ့သို့..။နောက်တစ်ခုက တခြား ကောင်မလေးများကို ချစ်ခင်စွဲလန်းခဲ့ဖူးသော်လည်း လိင်ကိစ္စ တို့တွင် စိတ်ကူး ခဲ့မိခြင်းမျိုးမရှိ၊ နှင်းကိုမူကား အလိုလျောက် စိတ်ကူးမိခြင်းဖြစ်ခဲ့ရလေပြီ။ ကျွန်တော့်ကိုယ်ကျွန်တော် သုံးသပ်မိပြီ.။ ကျွန်တော် နှင်းကို ရ မှ ဖြစ်တော့မည်။ပိုင်ဆိုင်ချင် မိပြီ။


နောက်နေ့ မနက်စောစောတွင် ကျွန်တော်တို့ အိမ်တွင် အလုပ်ရုံ ရွှေ့ခြင်းဖြင့် ကျွန်တော်မှတပါး အိမ်ရှိလူကုန် အလုပ်ရှုပ်နေကြသည်။ ပန်းရံဆရာများကလည်း ဒေါ်ရွှေတို့ အိမ်နှင့် ကျွန်တော်တို့ အိမ်ကြားမှာ အုတ်တံတိုင်းကို အလျှင်အမြန် ဖျက်ချပြီး အလုပ်ရုံ ရွှေ့ခြင်းကို ကူညီပေးသကဲ့သို့ ၊ အလုပ်ရုံ အသစ်အတွက် အုတ်ခဲများကို ပြန်သုံးလို့ ရအောင်လည်း ဂရုစိုက်ပြီး အုတ်တံတိုင်းကို ဖျက်ချနေကြသည်။ ကျွန်တော်သည် မနက်စာ ပဲပြုတ်ထမင်းကြော်စားပြီးနောက် ရေနွေးကြမ်းမတ်ခွက်ကို ကိုင်ရင်း အလုပ်ရုံရွေ့နေသော နေရာသို့ မယောင်မလည်နဲ့ ရောက်လာခဲ့သည်။ အုတ်တံတိုင်းကို တွန်းလှည်း တစ်စီးဝင်စာ ဖျက်ပြီးသွားပြီ။ ကျွန်တော်တို့ ခြံဝိုင်းထဲမှ ဟောင်းနွမ်းနေသော အလုပ်ရုံရှိ ပစ္စည်းများကို တွန်းလှည်း များနှင့်တိုက်ခါ ဒေါ်ရွှေတို့ခြံ (ကျွန်တော်တို့ခေါင်းရင်းခြံ) ဘက်ကို ပြောင်းရွှေ့ ပုံထားကြသည်။ မေမေသည် ဖေဖေ့ပုဆိုးအဟောင်းကို ခေါင်းပေါင်းပြီး အသံတစာစာ နဲ့အလုပ်များနေချေပြီ။ ဒေါ်ရွှေသည်လည်း ထမီတိုတို ဝတ်ကာ ပန်းရံဆရာတစ်ဦးနဲ့ စကားပြောနေသည်။ စကားပြောနေရင်းမှ မေမေ့ကို လှမ်းခေါ်သည်။ မေမေကလည်း ကျွန်တော့်ကို လှမ်းခေါ်ချိန်မို့ ကျွန်တော်၊မေမေ၊ဒေါ်ရွှေ နှင့် ပန်းရံဆရာ တို့ သစ်ပင်ရိပ်တွင် မတ်တပ်ရပ်ကာ စကားပြောကြသည်။ မေမေက “ထမင်းကြော် စားပြီးပလား သား” ဆိုတော့ ခေါင်းငြိတ်ပြလိုက်ပါသည်။ ကျွန်တော်ကတော့ စကားမပြောပါ။ ရေနွေးသောက်ရင်း သူတို့ပြောတာသာ နားထောင်နေပါသည်။ဒေါ်ရွှေက အုတ်တံတိုင်း တခြမ်းကို မဖျက်ဘဲချန်ထားပြီး ဘေးမှ ကျောက်ထုတ်ပိုးကာ L ပုံစံ အုတ်တံတိုင်း ဒေါင့်ကွေးကို အလုပ်ရုံအတွက် နံရံနှစ်ဖက် အဖြစ် အနည်းငယ်မွန်းမံပြီး အသုံးပြုလျှင် ဖြစ်နိုင်ကြောင်း ပန်းရန်ဆရာ နဲ့ ညှိနှိုင်းပြီး မေမေ့ကို ပြောပါသည်။ မေမေက အလုပ်ရုံကို သိပ်ကြီးကြီးကျယ်ကျယ် မလုပ်လိုဘဲ အရင်ကအတိုင်း အဖြစ်သာသာ ဘဲ လုပ်ဖို့ စီစဉ်ထားသည်။ ဒေါ်ရွှေက အစီအစဉ်နှစ်ခုလုံးအတွက် ကုန်ကျစရိတ်များကို ပါးစပ်နဲ့ အကြမ်းဖျင်း တွက်ပြနေသည်။ ငွေအများကြီး မကွာကြောင်းလည်း မေမေ့ကို ပြောနေသည်။ ကျွန်တော်ကတော့ ဒေါ်ရွှေပြောသည်များကို နားမလည်တစ်ချက် နားလည်တစ်ချက် နဲ့ သူ့မျက်နှာကိုသာ ငေးကြည့်နေမိသည်။ မေမေ လူရွေး မှန်သည် ဟု ကျွန်တော်ထင်ပါသည်။


ကျွန်တော် အိမ်မှ ထွက်လာပြီးတော့ စာအုပ်ဆိုင်မှ ကိုအောင်ကိုခေါ်ပြီး လက်ဖက်ရည်ဆိုင်ထိုင်ဖြစ်သည်။ ဟိုအကြောင်းဒီအကြောင်း ပြောနေရင်းမှ ကိုအောင်က တစ်စုံတစ်ခုကို သတိရဟန် နဲ့ အလန့်တကြား “ကိုရဲ မင်းကို ကောင်မလေးတစ်ယောက် လာမေးတယ်ကွ”

“ဗျာ။ ထူးဆန်းလှချည့်လား”

ကျွန်တော့်အတွက်ကတော့ တကယ်ကို ထူးဆန်းတာပါ.။ ကျွန်တော့် ရုပ်ရည် နဲ့ အရည်အချင်း အရ မည်သည့် မိန်းကလေးကမှ စ တင် စိတ်ဝင်စားတာမျိုး မရှိခဲ့ဖူးပါ။ ကျွန်တော့်အိမ်က တော့ သာမာန် လူလတ်တန်းစား ထက် အနည်းငယ် ပို၍ချမ်းသာပါသည်။ ထိုအချက်က အမျိုးသမီးများက ကျွန်တော့်ကို စိတ်ဝင်စားစေသော အချက်လို့ ကျွန်တော်မယုံကြည်ပါ။ အထူးသဖြင့် ကျွန်တော်သည် တစ်ဦးတည်းသော သား ဖြစ်သည့်အားလျော်စွာ ပြောဆိုဆက်ဆံရေး မကောင်းပါ။ အထူးသဖြင့် အမျိုးသမီးတွေ ရှေ့မှာပေါ့.။ ထို့ထက် အသေးစိတ်ရလျှင် ခပ်ချောချောအမျိုးသမီးများရှေ့မှာပေါ့..။

“ဘယ်လို ပုံ မျိုးလဲဗျ “
“အသားဖြူဖြူ ခပ်ချောချောပဲကွ၊ မိုက်တော့ မိုက်တယ် ။မင်းထက်အသက်ကြီးမယ်ထင်တယ်။ငါကဘာကိစ္စရှိလဲ ငါ့ပြောထားခဲ့ ဆိုတော့ ဘာမှမဟုတ်ပါဘူး လို့ပြောတယ်။ မင်းနဲ့ အရင်က သိတယ်တဲ့။”
“ကျွန်တော်ထက်ကြီးတဲ့ ချောချော အမျိုးသမီး ဆိုတာ…။ မစဉ်းစားတတ်ပါဘူး ကိုဇော်ကြီး ရယ်”
“ငါ့ဆိုင်မှာ စာအုပ်လာငှားတာ မကြာသေးဘူး။ ညနေပိုင်းဆို လာတတ်တယ်။”
“အင်း.ကျွန်တော် ညနေတော့ မတွေ့မိပါ့လား။”
“တွေ့ဖူးတယ် ထင်တယ်ကွ။ မင်းနဲ့ ငါက အာလူးဖုတ်တာ များနေလို့ ။သူ့အဒေါ်က ---လူမျိုးလေကွာ။မိတ်ကပ်တွေ လိမ်းလိမ်း ထားတတ်တယ်လေ။”
“ကျွန်တော် မြင်ရင်တော့ သိမယ် ထင်ပါတယ်။ကိုဇော်ကြီး နာမည် သိသလား”
“ဟေ့အေး။ သူ့အဒေါ်ယောက်ျားက ---ရုံးကလေ။ အဲ့လူနာမည်နဲ့ငှားနေတာပဲ”

ကျွန်တော့်စိတ်ထဲမှာ နှင်းများ ဖြစ်နေမလား လို့ တောင့်တ နေမိပါသည်။ညနေ ရင်ခုန်စရာ ကောင်းမယ် ညနေ။ ညနေ ရေ မြန်မြန် လာပါတော့.။ ညနေ။
ကျွန်တော်စောင့်နေခဲ့သော ညနေ။
အလွန်လှပသော ရွှေရောင်လူးထားတဲ့ ညနေ။ ညနေ၏ အလှသည် ရင်ခုန်ရစ်မူးဖွယ်..။ ဤမျှလှပသော ညနေပေါင်းများစွာကို ကျွန်တော်ဘာကြောင့် လျစ်လျူရှုပြီးဖြတ်သန်းခဲ့ပါသနည်း ဟုနှမြောတသစွာ တွေးမိ၏။ ဒီညနေတွင် ဒေါ်ရွှေ မှော်ထဲဆင်းမည်။ ဒီညနေတွင် ကျွန်တော်ကတော့ ဘယ်သူ ဘယ်ဝါမှန်းမသိသော ကောင်မလေး ချောချောလေးကို ရင်ခုန်လှိုက်မောဖွယ် တွေ့ဆုံရမည်။ လောကကြီးသည် သာယာလှပလွန်းစွ။ ဆံပင်ကိုကော့နေအောင်ဖီး၊ ရေမွှေးနည်းနည်း ဆွတ်ပြီး လမ်းထိပ်က ကိုအောင့် စာအုပ်ဆိုင်ကို စိတ်လောစွာ ထွက်လာခဲ့မိပါသည်။နည်းနည်း စောစော ထွက်လာမိသဖြင့် မိမိကိုယ်ကို ရှက်သဖြင့် ကွမ်းယာဆိုင်ဝင်ကာ အချိန်ဖြုန်း နေမိသဖြင့် စာအုပ်ဆိုင်ကို ရောက်နေကျ အချိန်ထက် နာရီဝက်လောက် နောက်ကျပြီးမှ ရောက်ဖြစ်သည်။

ကျွန်တော် စာအုပ်ဆိုင်ရောက်ရောက်ချင်း ကိုအောင်က “မင်းကောင်မလေး ခုနပဲ လာသွားတယ်” ဟု ဆီးပြောပါသည်။ ကျွန်တော်လည်း ကိုယ့်ကိုကိုယ် အားမရခြင်းများနဲ့ အတူစိတ်အားငယ်သွားမိပါသည်။ “ကျွန်တော့်ကောင်မလေး ဟုတ်ပါဘူးဗျာ။ကိုအောင်ကြီး ကလဲ” ဟုကျွန်တော် ပြောပြောဆိုဆို နှင့် ဆိုင်အပေါက်ကို ကျောပေးထားသော ကိုအောင် နဲ့မျက်နှာချင်းဆိုင် ခုံတွင် ဝင်ထိုင်လိုက်ချိန်ဝယ်ကိုအောင်က “အဲ….။ကိုရဲ” ဆိုပြီး မျက်လုံးကြီးပြူးပြီး ဆိုင်ပေါက်ဝ ကို ကြည့်နေသည်။ ကျွန်တော်လည်း သမင်လည်ပြန် လှည့်ကြည့်လိုက်ရာ..
ရုတ်တရက် ပတ်ဝန်းကျင်တစ်ခုလုံး ငြိမ်သက်သွားပြီး ကျွန်တော့တကိုယ်လုံးလည်း အေးခဲသွားသည် ဟုထင်မိ၏။ ကျွန်တော့်နားထဲတွင် ကျွန်တော့်ရင်ခုန်သံမှ တပါး....တခြားအသံများကို မကြားတော့။ ကျွန်တော့်ရင်ခုန်သံသည် ဘူတာမှ ထွက်ခွာလာသော မီးရထားအရှိန်မြှင့်သကဲ့သို့ ….။

ကျွန်တော့်ရဲ့ ရင်ခုန်သံနတ်သမီးလေး နှင်း ပါ..။မမနှင်းပေါ့.။ နှင်းက လျှော်ပြီးစ ဆံပင်ကျောလည်လောက်ကို ဖြန့်ချထားသည်။ စပို့ရှပ် အင်္ကျီ အဝါလေးကို အပေါ်ကြယ်သီးတစ်လုံး ဖြုတ်ဝတ်ထားသည်။ ဖြူဖြူဝင်းဝင်း ရင်ဘက်အသားလေးများကို ရွှေဆွဲကြိုးလေးက အလှဆင်ထားသည်။ မို့မို့မောက်မောက် ရင်သား များက အင်္ကျီနဲ့ ချပ်ရပ်ပြီး ကြွားကြွားဝင့်ဝင့် ငှားငှားစွင့်စွင့် ပေါ့။ ထမီစကတ် အညိုရောင် ပြောင် ကို ဝတ်ထားသဖြင့် ပေါင်တံစင်းစင်းလေးတွေက အတိုင်းသား။ ဆိုင်ထဲအဝင် လေအတိုက်မှာ မျက်နှာပေါ် ဝဲကျလာသော ဆံပင်များကို သိမ်မွေ့စွာ ခေါင်းဆတ်တင်လိုက်ရင်း ဆိုင်ထဲသို့ တစ်လှမ်းချင်း အေးဆေးစွာ ဝင်လာပုံသည် ခန်းနားထည်ဝါ လွန်းလှသည်ဟု ကျွန်တော်ထင်မိသလို..ကျွန်တော့်ကိုယ်ကျွန်တော်လည်း သိမ်ငယ် ကျုံ့ဝင်သွားသလို ခံစားရပါသည်။ အကျောစိမ်းလေးတွေ ယှက်နွယ်နေသော ဖြူဖွေးဝင်းအိသည့် ခြေထောက် ဖြူဖြူလေးများ ကို ကတ္တီပါ လေးညှင်းရောင် ဖိနပ်ကလေးက နောက်ခံပေးထားလေရဲ့.။ကျွန်တော်ထိုင်နေသော ခုံနံဘေးမှ လန်းဆန်းတက်ကြွဖွယ်
Spray နဲ့အတူ နှင်းဖြတ်သွားတော့ ကျွန်တော့ ညာဘက်ခြမ်းကို လေဟပ်သွားတယ်။ ကျွန်တော်ခေါင်းငုံ့ထားဆဲ။
“အစ်ကို ကျွန်မ ဒီစာအုပ်လေးခုမှငှားသွားတာ၊ လဲ ချင်လို့ ပေးလဲမလား” ရွှေခေါင်းလောင်း လေးရဲ့မြည်သံက ရင်တစ်ခုလုံးကို ဆုပ်ကိုင်နင်းခြေ လိုက်သလိုပါပဲ။ ကျွန်တော်ဟာ မြှားမကုန်ပေမယ့် စစ်မရောက်ခင်ကတည်းက လက်နက်ချသူပါ..။

“ရတယ် ညီမ” ဆိုတဲ့ ကိုအောင့် အသံတောင် ကျွန်တော့်နားထဲမှာ ကွဲအက်နေသလိုလို..။

ကျွန်တော့် တကိုယ်လုံးက အေးခဲ နေပြီး ဘီလူးစီးခံရသူတစ်ယောက်လိုမျိုး လှုပ်လို့ မရနိုင်လောက်အောင် အချစ်နတ်က ဖမ်းစားထားတယ်။ ကိုအောင်က စာအုပ်တစ်အုပ်ကို ဟိုလှန် ဒီလှန်လုပ်နေတယ်။ နှင်းက စာအုပ်တွေ ရှိသော ကျွန်တော့်နောက်ကျောဖက်မှာ စာအုပ်တွေရွေးနေကြောင်း အသံအရ သိရသည်။
ခဏအကြာမှာ တိုးတိတ်တဲ့ သစ်ရွက်ရွေ့သံလို ခြေသံမျိုးနဲ့ ကိုအောင့် ကောင်တာ ဆီသို့ နှင်းပြန်လာတယ်။ ကျွန်တော်မော့်မကြည့်ဖြစ်.။ နှင်းက

“ဒီစာအုပ် ညီမယူသွားမယ် အစ်ကို။ အစ်ကိုဖတ်ပြီးပြီလား..။ ကောင်းလား” ဆိုပြီး မေးခွန်းတွေ ဆက်တိုက်မေးပါတယ်။

“အင်းဖတ်ပြီးပြီ.ညီမ။ မဆိုးပါဘူး ကောင်းပါတယ်။ လူငယ်ကြိုက်ပေါ့။ အော် ဒါနဲ့ ကိုရဲ နဲ့ ညီမနဲ့က သိကြတယ် မလား”

“ဟင့်အင်း မသိဘူး” ကျွန်တော့်ရဲ့ အက်ကွဲအေးစက် ကျယ်လောင်လှတဲ့ အသံကြီး။ကိုယ့်နားကို ကိုယ် မယုံနိုင်လောက်အောင်ပါပဲ..။ ကျွန်တော့်ပါးစပ်က ထွက်သွားခဲ့တယ်။

၁ >>ကိုအောင့်မျက်နှာကြီး ရဲတက်သွားတယ်။

၂>> နှင်းက လက်လှလှလေးတွေ နဲ့ စာအုပ်ကိုကောက်ယူပြီး ခဏ ငြိမ်သက်နေတယ်။

၃>>ကျွန်တော် က နှင်းကို မော့ကြည့်မိတယ်။ နှင်းက နှုတ်ခမ်းလေး တွန့်ခနဲနေအောင် ပြုံးပြပြီး ဆံပင်တွေ ဝဲကနဲ ဖြစ်သွားအောင် ကိုယ်ကို လှည့်လိုက်တယ်။ ကျွန်တော့်ရင်ထဲမှာတော့ ကျင်ခနဲ…..

နှင်းထွက်သွားတော့....ကိုအောင် နဲ့ ကျွန်တော် တို့နှစ်ယောက် အေးခဲပြီးကျန်ခဲ့တယ်.။ ဒီလိုနဲ့ လှပတဲ့ညနေလေး မလှမပဖြစ်ခဲ့ရတယ်..။

ကျွန်တော် ကိုယ့်နှုတ်ခမ်းကိုယ် ကိုက်ရင်း ခေါင်းငုံ့ နေခဲ့တယ်..။ ကျွန်တော့် ရင်ဘက်ကို ကျွန်တော်ပြန်တွေ့တယ်.ရင်ခွင်တစ်ခုလုံး အချစ်ပျိုးတွေ ကြဲပြီးပြီ နှင်းရေ... အဖြစ်ပျက်တွေအားလုံးအပြီးမှာ ကျွန်တော့် စိတ်တွေ နောက်ကျိလေးလံသွားတယ်၊ ခြေတွေလက်တွေ မသယ်ချင်အောင်ဖြစ်နေသည်။ နှစ်ရက်ရှိပြီ ကျွန်တော် အိမ်တွင်းအောင်း နေခဲ့သည်။ အိပ်ခန်းထဲမှာ တစ်ယောက်တည်း။ အမှောင်က ကြီးစိုးလာလေ အထီးကျန်စိတ်တွေလွှမ်းမိုးပြီး အားငယ်လာလေ.။အကြိုက်ဆုံး စာရေးဆရာ တစ်ယောက်ရဲ့ ဝတ္တုတစ်အုပ်ကို ဖတ်ကြည့်တယ်..။ စာမျက်နှာ တစ်ရွက်မပြီးခင်မှာပဲ “မသိဘူး” ဆိုတဲ့ ကျွန်တော်ပြောခဲ့တဲ့ ကျွန်တော့်အသံက ကျွန်တော့်ကို ပြန်လည် ခြောက်လှန့်နေပါတော့သည်။ နားကကြားနေတာ မဟုတ်တော့ နားပိတ်ထားလို့လည်း မရ.။ ကျွန်တော့်ခန္တာကိုယ်တစ်နေရာက မြည်းဟည်းနေတဲ့ အသံ။ ကျွန်တော် ဘယ်လိုတားတား ကြားနေရတယ်။ကျွန်တော်ရူးသွားမတတ် ပူလောင်လာတယ်။စိတ်ဖိစီးမှုတွေကို မခံစားနိုင်တော့တဲ့ နောက်ဆုံး ညကိုးနာရီလောက်မှာ ကျွန်တော်အိမ်ကနေ ခိုးထွက်လာခဲ့တယ်။ ဘယ်သွားရမယ်မှန်း မသိ။ ခြေလှမ်းများက သွားနေကျ ကိုအောင့်စာအုပ်ဆိုင် ကို ခေါ်ဆောင်သွားသည့်နောက် ကျွန်တော်လိုက်လာခဲ့ရပါသည်။ ကျွန်တော်ဆိုတဲ့ကောင်က ကိုယ့်ခြေလှမ်းကိုတောင် ကိုယ့်ဘာသာ မလှမ်းနိုင်တဲ့ ခပ်ညံ့ညံ့ ငနုံတစ်ကောင်ဆိုတာကို နာနာကျည်းကျည်းပြုံးရင်း တွေးမိတယ်။ ဆိုင်သိမ်းနေတဲ့ ကိုအောင်က ကျွန်တော့်ကို အံ့သြတကြီး ကြည့်နေတယ်။

“ကိုအောင်ကြီး လက်ဖက်ရည်ဆိုင် သွားရအောင်ဗျာ”

“ဟေ့ကောင် ငါက ဘီယာဆိုင်သွားထိုင်မလို့ကွ”

“အင်းကောင်းတယ်ဗျာ။ ကျွန်တော်လိုက်ခဲ့မယ်”

“ကိုရဲ မင်း စိတ်ညစ်နေတာငါနားလည်ပါတယ်။ ဒါပေမယ့် ငါကတော့ မင်းဘဝမှာ အရက် စတိုက်တဲ့ လူ မဖြစ်ချင်တာ အမှန်ပဲ ငါ့ညီ”

“ကျွန်တော် မသောက်ပါဘူးဗျာ။ ကျွန်တော်လိုက်ခဲ့ပါရစေ။ တစ်ယောက်တည်း မနေနိုင်လို့ ၊အထီးကျန် လွန်းလို့ပါဗျာ”

“လိုက်လည်း မလိုက်ခဲ့နဲ့ ။သောက်လည်း မသောက်နဲ့ ငါ့လူ” ပြောပြောဆိုဆို ကိုအောင် ဆိုင်ကယ်တက်ခွပြီး မောင်းထွက်သွားသည်။ ကျွန်တော့်မှာ ဆိုင်ကယ်လည်း မရှိ။ ဘာမှ လည်း မပါ မို့တစ်ယောက်တည်း ကျန်ခဲ့သည်။တစ်ယောက်တည်း မနေချင်တာနဲ့ ခပ်လှမ်းလှမ်းက မိုးအလင်း ကွမ်းယာဆိုင်တွင် ကွမ်းစားပြီး ထိုင်နေစဉ် ---ဘီယာဆိုင်က စားပွဲထိုးလေးက ကိုအောင့်ဆိုင်ကယ် နဲ့ ကွမ်းလာဝယ်သည်။ ကျွန်တော်လည်း ခပ်တည်တည် နဲ့ စားပွဲထိုးလေးနဲ့ လိုက်လာခဲ့သည်။

ဘီယာဆိုင် ရောက်ရောက်ချင်း တစ်ယောက်တည်းထိုင်ကာ ကျွန်တော့်ကိုလှမ်းကြည့်နေသော ကိုအောင့်ဆီမသွားဘဲ ခုန စားပွဲထိုးလေးကို ဘီယာ တစ်လုံးဘယ်လောက်လဲ ဟု မေးပြီး အိပ်ထဲမှ ပိုက်ဆံထုတ်ပေးလိုက်သည်။ကောင်လေး ပုလင်းလာပေးတော့ ဖောက်ခိုင်းပြီး မတ်တပ်ရပ်လျှက် အနည်းငယ်သောက်လိုက်ပြီး ကိုအောင့်ဝိုင်းသို့ လျှောက်လာခဲ့သည်။ ကိုအောင်က

“"မင်း နှင်းနဲ့ ကိစ္စမှာ အဲလိုပါးပါးနပ်နပ် လုပ်ရင် အခုဆို အိုကေ နေလောက်ပြီ။မင်း ငတုံး၊ အရူး ငါဘာဆက်ပြောရဦးမလဲ"”

ကျွန်တော် ကိုအောင်ဆဲတာ ခံပြီးတော့ တော်တော်သက်သာရာ ရသွားသည်။

“"ဟုတ်တယ်ဗျ။ ကျွန်တော်ဘာလို့ အဲလိုလုပ်လိုက်မှန်း ကျွန်တော့်ဘာသာလည်း မသိဘူး"”

“အေး ခုလောလောဆယ် မင်းထပ်သောက်လိုက်ဦး။ ငါလည်း ထပ်သောက်လိုက်ဦးမယ်။ ပြီးမှ စကားပြောကြမယ်။ မင်းဘာလို့ မြန်မာဘီယာ မှာတာလဲ။ မန္တလေးဘီယာကမှ ကောင်းတာကွ။”

No comments:

Post a Comment