လက်ထပ်ပြီးသည့်အထိ စောင့်ပါ (or) ဒုတိယမြောက် အပျိုစင်ဘဝ
လူများသည် သူတို့အတွက်အရေးပါသူတစ်စုံတစ်ဦ
ကောင်လေးနှင့်ကောင်မလေးတို့သည် တဦးကိုတဦးငြိသွားကြပြီးနောက်၊ အတူသွားလာကြသော အခါ၊ စိတ်လှုပ် ရှားမှုသည် ပို၍ကြီးထွားလာသည်။ တဦးကိုတဦးထိတွေ့၊ ယုယရခြင်းသည် မည်မျှပျော်ရွှင် ဖွယ်ကောင်းသည်ကို သိလာ ကြသည်။ ဤအရာက စိတ်ဆန္ဒကိုဖြစ်ပေါ်စေသည်။ များမကြာမီအချိန်တွင် နှစ်ဦးစလုံးသည် လိင်ဆက်ဆံမှု ပြုလုပ်ရန် ဆွဲခေါ်ခြင်းကိုခံရပြီး သူတို့က ဤသို့တွေးလာကြသည်။ ““ငါတို့သည်တဦးကိုတဦး အမှန်တကယ်ချစ်တာပဲ။ လိင် ဆက်ဆံ တာက ဘာများမှားနေလို့လဲ။
လက်မထပ်မီ သင်သည်လိင်ပိုင်းဆိုင်ရာ ပတ်သက်မှုမပြုသင့်သည့်အကြောင်း
လက်ထပ်ပြီးသည်အထိ လိင်ဆက်ဆံခြင်းကို စောင့်ဆိုင်းသင့်သည့် အကြောင်းအရင်းအချို့ကို လေ့လာကြပါစို့။
အကြောင်းအရင်းနံပါတ် (၁)
လက်မထပ်မီ ဆက်ဆံခြင်းက စစ်မှန်သောအချစ်ကိုသိနိုင်မည့် သင်၏အခွင့်အရေးများကို ဆုံးရှုံး စေနိုင်သည်။ မိန်းကလေးတစ်ဦးသည် သူ၏လိင်ကိုပေးဆပ်ခြင်းအားဖြင့် အချစ်ကိုရရှိရန်ကြိုးစာခြင်း (သို့) ထိန်းသိမ်းထားရန် ကြိုးစား ခြင်းသည် ၀မ်းနည်းကြေကွဲဖွယ် အမှားတစ်ခုကို ပြုလုပ်ခြင်းပင်ဖြစ်သည်။ စစ်မှန်သောအချစ်သည် စေ့စပ်ခြင်း၊ လက်ထပ် ခြင်း နှင့် လိင်ဆက်ဆံခြင်းတို့ကို ဖြစ်စေနိုင်သော်လည်း လိင်က စစ်မှန်သောအချစ်ကို မဖြစ်စေနိုင်ပါ။ စစ်မှန်သောအချစ်ကို သိနိုင်မည့် သင်၏အခွင့်အရေးများကိုပင်လျှင် ဖျက်ဆီးပစ်နိုင်သည်။
၁၉ နှစ် အရွယ်ကောင်မလေးသည် အထက်တန်းနှင့်ပထမနှစ် ကောလိပ်ကျောင်းသူ ဘ၀တလျှောက်လုံးတွင် မိမိကိုယ်ကို သန့်စင်အောင် နေနိုင်ခဲ့သည်။ သူမသည် သူမအလွန်နှစ်သက်သောကောင်လေးနှင်
ဘာဆက်ဖြစ်သနည်း။ နွေရာသီကျောင်းပိတ်ရက်ကာလတွင် သူမသည်သူမ၏ “ချစ်သူ” ထံမှ ဘာသတင်းမှ မကြားရတော့ပါ။ နွေဦးကာလ၌ သူပြန်လာသောအခါ သူမသည် သူမအား စစ်မှန်သောအချစ်ဖြင့် မချစ်သောသူကို သူမ၏ အဖိုးထိုက်သည့်အရာကို သွေးဆောင်ခံရသောကြောင့် ပေးလိုက်ရပြီး ဆိုတာကို သိရှိခဲ့သည်။ သူက ““ငါတို့ရဲ့ နောက်ဆုံး ညဟာ တကယ့်ကိုအိပ်မက်ဆိုးကြီးပါပဲ။ အဲဒါပြီးနောက် ငါမင်းကို ဘယ်တော့မှလက်မထပ်တော့ဘူး။”” ဟူ၍ပြောခဲ့သည်။
အကြောင်းအရင်းနံပါတ် (၂)
လက်မထပ် မီဆက်ဆံခြင်းက ဘုရားသခင်က သင့်အတွက်ပြင်ဆင်ထားသော အကောင်းဆုံးအရာ ကို ဘယ် တော့ မှ မသိနိုင်အောင် သင့်ကိုတားဆီးလိမ့်မည်။
လိင်နှင့်ပတ်သက်၍ မှားယွင်းသောယူဆချက်တစ်ခုမှာ ဤသို့လုပ်ခြင်းသည် ခန္ဓာပိုင်းပျော်ရွှင်မှုသာ ဖြစ်ပြီး သင့် စိတ်ကြိုက် မည်သူနှင့်မဆို လုပ်နိုင်သည်ဟူသော ယူဆချက်ပင်ဖြစ်သည်။ ဤသို့ယူဆခြင်းက လိင်ကိုဈေးပေါစေပြီး အဓိပ္ပါယ်မဲ့စေပြီး ကျွန်ုပ်တို့အား ဖန်ဆင်းထားသည့်ပုံစံကိုပင် ပမာမခန့်ပြုသည်။
လိင်သည် ခန္ဓာပိုင်းလုပ်ဆောင်မှုတစ်ခုသာ
အကြောင်းအရင်းနံပါတ် (၃)
လက်မထပ်မီ ဆက်ဆံခြင်းက သင်၏မိမိကိုယ်ကိုအထင်ကြီးလေးစာ
ကျမ်းစာက လူငယ်တစ်ဦးသည် သူ၏ကိုယ်ခန္ဓာကို ဂုဏ်အသေရေရှိစွာဖြင့် စောင့်ထိန်းသင့်ကြောင်းနှင့် ကိုယ်ကျင့်တရားမကောင်းသော သူတို့၏လမ်းစဉ်ကို မလိုက်ကြရန်ပြောထားသည်။ လူငယ် တဦး၏သန့်ရှင်းစင်ကြယ်မှု သည် သူ (သို့) သူမ၏ အဖိုးမဖြတ်နိုင်သောပိုင်ဆိုင်မှု
အကြောင်းအရင်းနံပါတ် (၄)
လက်မထပ်မီ ဆက်ဆံခြင်းသည် တစ်ဘ၀စာအကျိုးဆက်များရှိနိုင်
ဘုရားသခင်သည် သင့်အားသြတ္တပ္ပစိတ်ကိုပေးထားပြီး ထိုစိတ်ဖြင့်အသက်ရှင်ရမည်ဖြစ်
အကြောင်းအရင်းနံပါတ် (၅)
လက်မထပ်မီ ဆက်ဆံခြင်းသည် စိတ်ပျက်ဖွယ်ကောင်းသောအရာတစ်ခု ဖြစ်လာနိုင်သည်။
လူငယ်အများစုက လိင်ဆက်ဆံခြင်းသည် စိတ်လှုပ်ရှားဖွယ်ကောင်း၍ရင်သပ်
အကြောင်းအရင်းနံပါတ် (၆)
လက်မထပ်မီ ဆက်ဆံခြင်းသည် သင့်အတွက် အန္တရာယ်ရှိသည်။
လက်မထပ်မီ လိင်ပိုင်းကိစ္စများတွင် ပါဝင်ပတ်သက်ခြင်းအားဖြင့် လိင်မှကူးစက်တတ်သောရောဂါများကို သင်၌ ဖြစ်စေနိုင်သည်။ လွယ်သောမိန်းကလေးများ၊ တနည်းအားဖြင့် ပြည့်တန်ဆာများသည် ပြင်း ထန်သော ထိုရောဂါ တစ်ခုခု၏ အရင်းအမြစ်ဖြစ်နိုင်ပါသည်။ ထိုကဲ့သို့ပင် ယောက်ျားများသည်လည်း “ရောဂါသယ်ဆောင်သူ” များဖြစ်နိုင် ပါသည်။ လိင်မှ တဆင့် ကူးစက်သောရောဂါများသည် ပြင်းထန်သော ပိုးဝင်မှုများ၊ မျက်စိကန်းခြင်းများနှင့် သေခြင်းကိုပင် ဖြစ်စေနိုင်သည်။ ဤပြင်းထန်သောရောဂါများသည် သင့်ကလေးများကိုပင်လျှင် ကူးစက်နိုင်သည်။ ဤရောဂါများထဲမှ အချို့ကို ကုသ၍ မရနိုင် သေးပါ။
ယောက်ျားတစ်ဦးတည်းနှင့်သာ ဆက်ဆံမှုပြုသောကောင်မလေးတစ်ဦးက သူ့ကိုသူ လုံခြုံသည်ဟု ထင်ခဲ့သည်။ ဆရာဝန်က သူမသည်လည်း ဗိုင်းရပ်ကူးစက်ခံနေရပြီးဆိုတာ
အကြောင်းအရင်းနံပါတ် (၇)
လက်မထပ်မီ ဆက်ဆံခြင်းသည် မိန်းကလေးတစ်ဦး၏ဘ၀ကို တစ်စစီ ကြေကွဲသွားစေနိုင်သည်။
အိမ်ထောင်ရေးအပြင်ဘက်၌ လိင်ပိုင်းဆိုင်ရာစမ်းသပ်မှုကို ပြုကြသောလူငယ်များသည် ဤမေးခွန်းအား မိမိ ကိုယ်ကို မေးသင့်သည်။ ဤသို့လုပ်ခြင်းအားဖြင့် အကယ်၍ကိုယ်ဝန်ရှိလာမယ်ဆိုရင် ငါတို့ ဘာလုပ်ကြမလဲ။ ဤသို့လည်း မေးသင့်သည်။ ဤသို့လုပ်ခြင်းအားဖြင့် ကိုယ်ဝန်ရှိလာတဲ့အချိန်မှာ ငါတို့ ဘာလုပ်ကြမလဲ။
လက်မထပ်ရသေးသည့်မိခင်များအတွက် ဆောက်လုပ်ပေးထားသောအိမ်သို့ အလည်အပတ်သွားခဲ့ သူတဦးက ““သူတို့ရဲ့ အနာဂတ်ဟာ ဘယ်လိုဘယ်ပုံဖြစ်လာမလဲဆိုတာကို မသိကြတဲ့ကောင်မလေးတွေရဲ့ မျက်နှာပေါ်ထင်ဟပ်နေ တဲ့ စိတ်ပျက်၊ မျှော်လင့်ချက်မဲ့မှုတွေကို သင်ဘယ်တော့မှမေ့နိုင်မှာမဟုတ်ပါ
လွယ်သောမိန်းကလေးမျာသာမက ကောင်းသောမိန်းကလေးများသည်လည်း ကိုယ်ဝန်ရလာနိုင်ပါသည်။ ဖျက် ချခြင်းအားဖြင့် အလိုမရှိသောကိုယ်ဝန်ကိစ္စကို ဖြေရှင်းခြင်းသည် မှန်ကန်သောနည်းလမ်း မဟုတ်ပါ။ သင်မမွေး ရသေး သော ကလေးငယ်ကို သတ်ဖြတ်ခြင်းသည် မိမိ၌အပြစ်ရှိသည် ဟုဆိုးဝါးသည့် ခံစားချက်မျိုးကို ဖြစ်စေနိုင်သည်။ ဤဆိုး ၀ါးသည့်ခံစားချက်က သင့်ဘ၀တလျှောက်လုံး၌ သင့်အား ခြောက် လှန့်နေမည်ဖြစ်သည်။ အောက်ပါစာက ကျွန်တော်တို့ နှင့် ရင်းနှီးပြီးသား အကြောင်းအရာတစ်ခုကိုပြောပြ သည်။
ကျွန်မမှာ ကိုယ်ဝန်ရှိနေပြီလို့သိလိုက်ရတဲ
ကိုယ်ဝန်ဖျက်ချပြီးနောက် ကျွန်မဟာစိတ်ပိုင်းနာကျင်မှုကို အလူးအလဲခံရပြီး၊ မျက်ရည်များစွာ စီးကျခဲ့ပြီး ကျွန်မ တို့ရဲ့ဆုံးဖြတ်ချက်တစ်ခုလုံးကိ
အကြောင်းအရင်းနံပါတ် (၈)
လက်မထပ်မီ ဆက်ဆံခြင်းသည် ကြီးမားသောပြဿနာအချို့ကိုဖြစ်ေ
တစ်ခါတစ်ရံ ယောက်ျားတစ်ဦးက ““မင်းကိုယ်ဝန်ရှိလာရင် မင်းနဲ့ငါလက်ထပ်မယ်။”” ဟုပြောလေ့ ရှိသည်။ အိမ်ထောင်ရေးသည် အလေးအနက်ထားရမည့်ကိစ္စဖြစ်သည်။ သင်လုပ်ဖို့မပြင်ဆင်ရသေးသည့် အလုပ်ကိုဝင်လုပ်ဖို့ မကြိုးစားသင့်ပါ။ အိမ်ထောင်ရေး၌ လရောင်၊ ချစ်ရည်လူးမှုများနှင့် နှင်းဆီပန်းများ အားဖြင့်သာ ပြည့်နှက်နေမည်မဟုတ်ပါ။ အိမ်ထောင်ရေး၌ နေ့အလင်းရောင်၊ လသားအရွယ်ဝတ်ဘောင်းဘီ များနှင့် ဟင်းခွက်ပန်းကန်များလည်း ပါဝင်သည်။ ဤစာကို စဉ်းစားဆင်ခြင်ကြည့်ပါ။
ကျွန်မအသက် ၁၇ နှစ်ရောက်တော့၊ ကျွန်မရဲ့ဘ၀ဟာရှုပ်ထွေးနေခဲ့ပါ
ကျွန်မတို့ဟာ အမှိုက်ပုံနဲ့နီးတဲ့နေရာမှာနေပြီ
ကျွန်မ ဒီစာကိုရေးခြင်းမှာ အကြံဥာဏ်ရယူလိုတာကြောင့် မဟုတ်ပါ။ ကျွန်မလိုမျိုး မိမိဟာအားလုံး ကိုသိပါတယ် လို့ ကြွေးကြော်နေတဲ့ ဆယ်ကျော်သက်လေးတွေ သင်ခန်းစာ၊ အကျိုးအမြတ်ရပါစေ ဆိုတဲ့ မျှော်လင့်ချက်နဲ့ဒီစာကို ရေးရခြင်း ဖြစ်ပါတယ်။
အကြောင်းအရင်းနံပါတ် (၉)
လက်မထပ်မီ ဆက်ဆံခြင်းသည် သင်နှင့်မသင့်တော်သောသူကို လက်ထပ်မိစေရန် သင့်အားလှည့် စားမည် ဖြစ်သည်။
အကယ်၍ သင်သည်လိင်ပိုင်းဆိုင်ရာ ယှက်နွယ်မှုရှိနေပါက၊ သင့်ကိုသင် အချစ်စစ်ကို တွေ့သွားပြီး ဟု ထင် လိမ့် မည်။ အမှန်မှာ သင်သည် လိင်ပိုင်းဆိုင်ရာဆွဲဆောင်မှုေ
အကြောင်းအရင်းနံပါတ် (၁၀)
လက်မထပ်မီ ဆက်ဆံခြင်းသည် သင်၏အိမ်ထောင်ရေးဘ၀ကို ဖျက်ဆီးပစ်နိုင်သည်။
လူအချို့က သူတို့သာ လက်ထပ်လိုက်ပါက၊ အရာအားလုံးဟာအဆင်ပြေသွားလိမ့်
လက်မထပ်မီဆက်ဆံခြင်းသည် အောင်မြင်သောအိမ်ထောင်ရေးကို ရနိုင်မည့်သင်၏အခွင့်အရေးများကိ
တခါတရံ လက်မထပ်မီ လိင်ပိုင်းအရ စည်းမစောင့်သူနှစ်ဦးသည် လက်ထပ်ပြီးသောအခါ အဆင်ပြေစွာ ပေါင်း သင်း နေထိုင်ကြသည်ဟု ထင်ရသည်။ သို့သော် သူတို့နှစ်ဦးသည် သံသယနှင့်မယုံကြည်မှု ဟူသောမျိုးစေ့ကို စိုက်ပျိုး ထား ကြပြီး နောက်ပိုင်းတွင် ထိုမျိုးစေ့တို့က ခါးသီးသောအသီးကို သီးစေလိမ့် မည်ဖြစ်သည်။
နှစ် ၂၀ ကြာအိမ်ထောင်သက်တမ်းရှိသူနှစ်
လက်မထပ်မီ ဘာကြောင့်လိင်မဆက်ဆံသင့်ကြောင်း အကြောင်းပြချက် (၁၀)ချက်ကို လေ့လာ ဆန်းစစ်ခဲ့ပြီး ဖြစ်သည်။ သို့သော် ဤ ၁၀ ချက်စလုံးထက် အရေးကြီးသောအကြောင်းပြချက် တစ်ချက် ကျန်ပါသေးသည်။ ၄င်းမှာ ဤသို့လက်မထပ်မီဆက်ဆံခြင်းသည် မှားယွင်းသည်ဆိုသောအချက်ပင် ဖြစ်သည်။
Christian Religious Teaching (It is available at original link)
တစ်ကြိမ်တွင် ဘာသာရေးခေါင်းဆောင်အချို့သည် အိမ်ထောင်ရေးဖောက်ပြားမှု ကျူးလွန်သော မိန်းမတဦးကို ယေရှု Jesus ဆီသို့ ခေါ်လာခဲ့သည်။ သူတို့သည် ထိုမိန်းမကို ယေရှု၏ ခြေထောက်နား သို့ တွန်းလိုက်ပြီး ““ဆရာ၊ ဒီမိန်းမဟာ ဖောက်ပြားမှုကျူးလွန်နေစဉ်၌ပင်၊
ဤလူများသည် ထိုမိန်းမကို ဂရုမစိုက်ကြပါ။ သူတို့သည် ထိုမိန်းမကိုအသုံးပြု၍ ယေရှုအား ချောက်တွန်း လိုကြခြင်းဖြစ်သည်။ ယေရှုက ““သူမကိုမပစ်သတ်ရ။””ဟု ပြောပါက၊ မောရှေ၏ပညတ်တော် များကို ဆန့်ကျင်နေသလို ဖြစ်ပေမည်။ အကယ်၍သူက ““အသေသတ်လိုက်””ဟု ပြောပါက၊ ရောမအစိုးရနှင့် ပြသနာတက်နိုင်သည်။
ယေရှုသည်သူတို့၏မေးခွန်းကိုချက်
သူပြောတာကိုကြားသောသူများသည် မိမိတို့၏သြတ္တပ္ပစိတ်က မိမိတို့ကို အပြစ်ရှိသည်ဟု စီရင်သောကြောင့် သူတို့သည် တဦးပြီးတဦး ထွက်သွားကြသည်။ ယေရှုသည် ထိုမိန်းမကို အပြစ်လွှတ်ပေးပြီးနောက် ““သွားလော့၊ နောက် ထပ် အပြစ်မလုပ်နဲ့ တော့ဟု”ဆိုခဲ့သည်။
ဒုတိယမြောက် အပျိုစင်ဘဝ
ကျွန်မဆုံးရှုံးခဲ့ရပြီ၊ ကျွန်မနဲ့လက်ထပ်မဲ့သူအတွက် ကျွန်မရဲ့အပျိုစင်ဘ၀ကို ထိန်းသိမ်းဖို့ရန် ဘယ်လောက် အရေးကြီးတာကို ကျွန်မ နားမလည်ခဲ့ဘူး။ ကျွန်မရဲ့အပျိုစင်ဘ၀ကို ပြန်ရနိုင်မလား? မရနိုင်ပါ။ သင်၏အပျိုစင်မှုကို တစုံ တဦးအား တကြိမ်တခါသာပေးနိုင်ပြီး တကြိမ်ပေးပြီးပါက အပျိုစင်ဘ၀ကို ပြန်မရနိုင်တော့ပါ။ သင်သည် သင်၏ အပြင်ပိုင်း ခန္ဓာပိုင်းအရ အပျိုစင်မှု ပြန်မရနိုင်သော်လည်း အတွင်းပိုင်း အပျိုးစစ်မှု တနည်းအားဖြင့် အတွင်းပိုင်း စင်ကြယ်မှု ကို ပြန်ရနိုင်သည်။ ဤအရာကို ဒုတိယမြောက် အပျိုစင်ဘ၀ဟုခေါ်သည်။
ဒုတိယမြောက်အပျိုစင်ဘ၀ဆိုသည်မှာ အဘယ်နည်း။ ယင်းမှာ လက်မထပ်ခင် အထိ နောက်ထပ် လိင်ဆက်ဆံ ခြင်း ကို ရှောင်ကြဉ်မည်ဟု စိတ်ပိုင်းဖြတ်ပြီး ဆုံးဖြတ်ထားသည့်အတိုင်း ပြုမှုနေထိုင် ခြင်းဖြစ်သည်။ သင်ရွေးချယ်သည့် ပုံစံအတိုင်း သင်ဖြစ်လာသည်။ သင်သည် ဤသို့သောရွေးချယ်မှုကို ပြုလုပ်ပြီး ရွေးချယ်မှုအတိုင်း ပြုမူနေထိုင်ပါက သင်သည် အရင်ကနှင့်ကွဲပြားသောသူတစ်ဦြး
သင်သည် တကြိမ်တခါပင် လိင်ကိစ္စ၌ပါဝင်ပတ်သက်ဖူးပါက၊ ဆက်လက်၍ ဤကိစ္စအား လုပ်ဆောင် နေ လိမ့် မည်ဟု လူအချို့က ပြောကြသည်။ ထို့ကြောင့် သင်လုပ်ရမည့်အကောင်းဆုံးအရာမှာ ကွန်ဒုံးကို သင်နှင့် မကွာ ဆောင် ထားရန်ဖြစ်သည်။ အကြောင်းမှာ သင်သည် လိင်ကိစ္စကို မငြင်းပယ်နိုင်သော ကြောင့်ဖြစ်သည်ဟု သူတို့ကဆိုကြသည်။ မမှန်ပါ။ သင်သည် ပြောင်းလဲနိုင်သည်၊ အမှားတစ်ခုကို ပြုလုပ် မိခြင်းသည် ထိုအမှားကိုဆက်ပြုလုပ်နေရမည်ဟု မဆိုလိုပါ။ သင်သည် ပါတီပွဲတစ်ခု၌ အလွန်အကျူး အရက်သောက်မိခြင်းက ဤကဲ့သို့ ပါတီပွဲတိုင်း၌ ဆက်လက်သောက်ရမည်ဟု ဆိုလိုခြင်းလော့? မဟုတ်ပါ။
လိင်နှင့်ပတ်သက်၍ အမှားတစ်ခုအား ပြုလုပ်မိခြင်းက ဤသို့သောအမှားအား ဆက်လက်လုပ်နေ မည်ဟု ဆိုလိုခြင်း လုံးဝမဟုတ်ပါ။ သင်သည် ဒုတိယမြောက်အပျိုစင်ဘ၀ကို ရွေးချယ်နိုင်သည်။ ဆယ်ကျော်သက်များစွာသည် ဤသို့သောရွေးချယ်မှုကို နေ့စဉ်နေ့တိုင်း ပြုလုပ်နေကြသည်။ ဆယ်ကျော်သက်များသည် ဘာကြောင့် ဒုတိယမြောက် အပျိုစင်ဘ၀ကို ရွေးချယ်ကြသနည်း?
အကြောင်းပြချက်များစွာရှိသည်။ ၄င်းတို့ထဲမှ တစ်ခုမှာ ကျွန်မလုပ်သောအရာဟာ မှားယွင်းကြောင်းကို နောက်ဆုံးမှာ နားလည်ပါပြီ။ အသုံးပြုခြင်းခံနေရတာကို စိတ်ကုန်နေပါပြီ။ ပွင့်ပွင့်လင်းလင်း ပြောရရင်၊ ကျွန်မဟာ အေအိုင်ဒီအက်(စ်) အပါအ၀င် အခြားလိင်မှတဆင့် ကူးစက်တဲ့ရောဂါတွေကိုလည်း ကြောက်ပါတယ်။ ကျွန်မဟာ ခါးသီးတဲ့ သင်ခန်းစာကို သင်ယူခဲ့ရတယ်။ ကျွန်မဟာ မျိုးပွားအင်္ဂါတွေကို လည်း အထိခိုက်မခံချင်ပါဘူး။ ကျွန်မဟာ ဤကိစ္စကို မရပ်တန့်ဘူးဆိုရင် ကျွန်မပေးရမည့်အဖိုးအခဟာ ကြီးမားပါတယ်။
ဘာသာမဲ့များသည် လိင်ကိစ္စကို ၂ဦးသဘောတူလျှင် အိုကေဟု လွယ်လွယ်ပြောကြသည်။ ဗုဒ္ဓဘာသာ (သို့မဟုတ်) ဘာသာရေးယုံကြည်ချက်တခု မြဲမြံစွာရှိခြင်းသော အမျိုးသမီးတဦးတွင် လက်မထပ်မှီ လိင်ဆက်ဆံမှု ဆိုးကျိုးများကို ဆင်ချင်နိုင်ပါသည်။ ထိုအမျိုးသမီးသည် မှားယွင်းသည်ဟု သိသောကြောင့် မိမိချစ်သူက ဆွဲဆောင်မှုများကို လိမ္မာပါးနပ်စွာဖြင့် ရှောင်ရှားနိုင်ပေမည်။ မလွဲရှောင်နိုင်သော အခြေအနေသို့ ရောက်သွားကောင်းရောက်နိုင်မည်။ သို့သော် အဆက်မပြတ် လွန်ကျူးခြင်းများမှ ဘာသာရေးသွန်သင်ချက်ဖြင့် ရုံးထွက်နိုင်ပြီး နောက်ဆုံး သန့်ရှင်းစွာဖြင့် လက်ထပ်ပွဲကို ကျင်းပနိုင်ပေမည်။ အမျိုးသမီးများ သီလနှင့်ပြည့်စုံသော အပြုအမူ၊ သာယာချိုသာပြောဆိုမှုများအားဖြင်
ခရစ်ယာန်ဘာသာယုံကြည်သူ အမျိုးသမီးအတွက်
ဘုရားရှင်သည် သင်၏ကယ်တင်ရှင်အဖြစ် လက်ခံလိုက်ခြင်းအားဖြင့် သူကသင့်အား လူသစ်အဖြစ် ပြုလုပ်ပေးခြင်းဖြစ်သည်။ သူသည် သင့်အတိတ်ကို ဖျက်ရန်အတွက် Delete ခလုတ်ကို နှိပ်သည်နှင့်တူသည်။ သင်သည် ဘုရားရှင်ရှေ့ တွင် လူသစ်တဦးဖြစ်လာသည်။ သင်သည် ဘုရားရှင်၏ မျက်စိတော်ရှေ့၌ သန့်ရှင်းစင်ကြယ်သူဖြစ်သည် ““လူမည်သည်ကား၊ ဘုရားရှင် ရှိလျှင် အသစ်ပြုပြင်သောသတ္တ၀ါဖြစ်၏။ ဟောင်းသောအရာတို့သည် ပြောင်းလဲ၍ ခပ်သိမ်းသောအရာတို့ သည် အသစ် ဖြစ်ကြ၏”” ၂ကော ၅း ၁၇
မေးခွန်းများ (မှန်/မှား)
၁။ လက်မထပ်မီ ဆက်ဆံခြင်းအားဖြင့် စစ်မှန်သောအချစ်ကို သေချာပေါက် သိရှိခံစားနိုင်မည်။
၂။ သင်သည် အခြားသူများနှင့်လိင်ဆက်ဆံပါက သင်၏အိမ်ထောက်ဖက်အား သင်၏၁၀၀% အပြည့်ပေးနိုင်မည်မဟုတ်ပါ။
၃။ လက်မထပ်မီဆက်ဆံခြင်းသည် သင်၏မိမိကိုယ်ကို အထင်ကြီးလေးစားသောစိတ်ကို ထိခိုက်လိမ့် မည်မဟုတ်ပါ။
၎။ လက်မထပ်မီဆက်ဆံခြင်းသည် တစ်ဘ၀စာအကျိုးဆက်များရှိနိုင်
၅။ လက်မထပ်မီဆက်ဆံခြင်းသည် အလွန်စိတ်ပျက်ဖွယ်ကောင်းသောအရာ
၆။ လက်မထပ်မီဆက်ဆံခြင်းသည် အန္တရာယ်ကြီးမားသည်။
၇။ မလိုချင်သော ကိုယ်ဝန်ကိုဖျက်ချခြင်းသည် ဘုရားမကြိုက်နှစ်သက်ပါ။
၈။ လက်မထပ်မီဆက်ဆံခြင်းသည် သင်နှင့်လက်ထပ်ရန်အတွက် သင့်တော်သောသူကို ရွေးချယ်နိုင်မည့် နည်းလမ်း ကောင်း တစ်ခု ဖြစ်သည်။
၉။ လက်မထပ်မီ ဆက်ဆံခြင်းသည် သင်၏အိမ်ထောင်ရေးကို ပြိုလဲစေနိုင်သည်။
၁၀။ လက်မထပ်မီ ဆက်ဆံခြင်းသည် မှားယွင်းသည်။ အကြောင်းမှာ ဘုရားက ဤအရာသည် အပြစ်ဖြစ်သည်ဟု ပြောထားသောကြောင့်ဖြစ်သည်
ရဲလင်းထွန်း (အင်းစိန်)
No comments:
Post a Comment