Tuesday, July 7, 2015

ပဉ္စမံ တပ်သား ငါ ( ပန်းရိုင်း ရေးသည် ) Episode-2

“ ဘော့စ် ...ရှေ့က ကား ခြံဝင်းတခုထဲကို ၀င်သွားပြီ ....”



လင်းပြာတို့ ညီအမ ရဲ့ကားလေး ၀င်သွားတဲ့ ခြံဝင်းထဲကို သူ လှမ်းကြည့်လိုက်သည် ။ မီးခိုးရောင် တထပ်တိုက်လေး သည် ခြံဝင်းအလယ်ခေါင်မှာ ရှိနေသည် ။ လင်းပြာတို့ ညီအမ ကားပေါ်က ဆင်းပြီး တိုက်လေးထဲကို ၀င်သွားကြတာ သူ တွေ့နေရသည် ။ အင်း..သူတို့ ..အိမ်တော့ သိရပြီ ...နောက်နေ့မှဘဲ ထပ်လာကြည့်တော့မယ် ...။



မယ်လ်ဗင့်ကို သူတည်းမယ့်ဟိုတယ်လ်ကို မောင်းခိုင်းလိုက်သည် ။



Chelsea Avenue ပေါ်မှာ ရှိနေတဲ့ Knuts ford Hotel ..။



“ ဘာလုပ်ပေးရအုံးမလဲ မစ္စတာပရပ်ခ် ..လိုတာ ပြောပါ..ဒါ ကျနော့်ရဲ့ ဆယ်လ်ဖုန်းနံပါတ် ...”



မယ်လ်ဗင်က သူ့ကို ဆက်သွယ်ဖို့..လိုအပ်ရင် သုံးဖို့ ဆယ်လ်ဖုန်းတလုံး ..သူ့ကို ပေးခဲ့ သည် ..။



“ ဒီနေ့တော့ မလိုတော့ပါဘူး..မနက်ဖန်ကá ��ု ခေါ်လိုက်မယ် ..ငါ နီဂရေးလ် ကို ကားနဲ့ သွားမယ် ...”



“ အိုခေ..မစ္စတာပရပ်ခ် ..သွားချင်တဲ့အချိန် ခေါ်လိုက်ပါ...ဒါဆို ကျုပ် ကို သွားခွင့်ပြုပါအုံး ...”



မယ်လ်ဗင် ပြန်သွားသည် ။



သူလဲ သူ့ဟိုတယ်လ်ခန်းကို တက်ခဲ့သည် ။ ပြူတင်းပေါက်ကနေ အောက်က ပြာလဲ့နေတဲ့ ရေကူးကန်ကို မြင်နေရသည် ။ ရေကူးကန်ထဲမှာ မိန်းမနှစ်ယောက် ရေကူးနေ

ကြသည် ။ သေးမျှင်တဲ့ တူးပိစ် ဘီကီနီေá ��ကူးဝတ်စုံတွေကြောင့် သူတို့ရဲ့ ကိုယ်လုံးအလှအပတွေကို ထင်းထင်းလင်းလင်း တွေ့မြင်နိုင်သည် ။ အင်း..မဆိုးဘူး ..။

ရေကူးကန်ထဲက တက်လာကြတော့ လှပကျော့ရှင်းတဲ့ ကိုယ်လုံးတွေကို ထင်ထင်ရှားရှား တွေ့ရသည် ..။

အမြဲ ရေကူးနေတဲ့သူတွေ ဖြစ်မည် ။



ဖုန်း တတီတီ မြည်လာသည် ။



တာနာကာ ပြောတဲ့ သူတို့ အဆက်အသွယ်လူ ခေါ်ပြီ ထင်တာဘဲ ..။



Red stripe ဘီယာ ပုလင်းပုလေး ကို မော့ရ င်း သူ ဖုန်းကို ကြည့်သည် ...။



ဟုတ်သည် ..။ သူတို့ အေဂျင်စီက ဂျမေကာ ဌာနေအေးဂျင့် ..။



သူ့ဆီက သူတွေ့ဆုံရမည့်လူကို သိရပြီ ..။ ဓါတ်ပုံနဲ့ နောက်ကြောင်း အကြမ်းဖျင်း ကိုလည်း ရပြီ ..။



သူတွေ့ဆုံရမယ့်သူက မစ္စအယ်လီနာ မိုက်ကယ်လ်စ် ..။



အမေရိကန်လူမဲမ ..။ အသက် ၂၆ ..။



အညိုရောင် ဖျော့ဖျော့ အသားလတ်လတ် နဲ့ အယ်လီနာမိုက်ကယ်လ်စ် ရဲ့ ဓါတ်ပုံ ဗီဒီယိုတွေကို အသေးစိတ် သူ လေ့လာနေသည် ။



ရုပ်က မဆိုးဘူး..မြန်မာဗီဒီယို ဇာတ်ကားတွေမှာ တွေ့ဖူးတဲ့ မင်းသမီး န၀ရတ်လို ရုပ်မျိုး..။



မယ်လ်ဗင် ဆီက ရထားတဲ့ ပွိုင့်၄၅ ဒဲဇက်အီးဂဲလ် ပစ္စတိုလ်ကို ကျည်ထိုး.. မောင်းထိန်းခလုပ် ( Safe ) ချပြီး ခေါင်းအုံးအောက်ထဲ ထိုးထည့်ထားလိုက်သည် ။ ဒီ သေနတ်က အစ္စရေး လုပ် နံမည်ကြီး သေနတ်တလက် ဖြစ်သည် ..။ သူ သုံးနေကျ မဟုတ်ပေမယ့် သူက သေနတ် မရွေးဘူး ..။ á ��သနတ်က အဓိက မဟုတ်လို့ သူ ခံယူထားသည် ..။ မနက်ဖန် လုပ်ရမှာတွေ ကြိုစဉ်းစားရင်း အိပ်ငိုက်လာသည် ။



ကုတင်ပေါ်မှာ ပက်လက်လှဲရင်း မှေးကနဲ အိပ်ပျော်သွားသည် ။



ထပ်..ထပ်..ထပ်...ထပ် ....။



တံခါးခေါက်သံကြောင့် သူ လန့်နိုးလာသည် ။ အကျင့်ဖြစ်နေလို့ ခေါင်းအုံးအောက်က သေနတ်ကို ဆွဲထုတ်မိရက်သား ဖြစ်နေသည် ။ တံခါးဆီကို လျောက်သွားပြီး ချောင်းကြည်ကတဲ့ အပေါက်လေးကနေ ကြ ည့်လိုက်တော့ ဟိုတယ်လ်ဝန်ထမ်းဝတ်စုံနဲ့ ကောင်လေးတယောက် ခေါက်နေတာ ..။ တံခါးဖွင့်လိုက်တော့..“ ညစာ သုံးဆောင်လို့ ရပါပြီ..အောက်ထပ်က ထမင်းစားဆောင်မှာ လာပြီး သုံးဆောင်ပါ ..” လို့ တလေးတစား ပြောသည် ။



ဘိုက်ထဲကလဲ ဆာသလိုလို ရှိတာကြောင့် အောက်ထပ်ကို ဆင်းသွားလိုက်သည် ။ အဖြူရောင် ဟိုတယ်လ်ဝန်ထမ်း ၀တ်စုံနဲ့ လူမဲမနှစ်ယောက်က ခရီးဦးကြို ပြုပြီး ထမင်းစားဆောင်ကို ခေါ် သွားသည် ။



ဂျမေကာ ဆိတ်သားဟင်းစပ်စပ်..ဂျက် ကြက်ကင် နဲ့ ညစာ စားသည် ။ ကရစ်ဘ် ဘီယာကို သောက်သည် ။ ထမင်းစားပြီးတော့ စားပွဲထိုးကောင်လေး က ဟိုတယ် နဲ့ ကပ်ရက်မှာ စတိုးဆိုင် ရှိတယ်လို့ ပြောပြလို့ လီလီ အတွက် အမှတ်တရ ပစ္စည်းလေးတခုခု ၀ယ်သွားဖို့ သတိရတာနဲ့ စတိုးဆိုင်ကို လျောက်သွားလိုက်သည် ။ စတိုးဆိုင်လေး ရဲ့ အနောက်ဖက် ကားရပ်တဲ့ ကွက်လပ်က မှောင်နေသည် ။ မီးမရှိ ။ သူ ဒီá ��ွက်လပ်က ဖြတ်ပြီး ဆိုင်ရဲ့ ဘေးတံခါးပေါက်ကနေ ဆိုင်ထဲကို ၀င်သည် ။ ဆိုင်ထဲမှာ ဈေးဝယ်သူ သိပ် မရှိ ..။ အမှတ်တရပစ္စည်းလေးတွေ ကို ကြည့်နေတုံး သူ့အနောက်က မြန်မာစကားပြောသံ ကြားလိုက်ရသည် ။



“ ကြုံတုံး ၀ယ်ထားလိုက် ..မကြီး သူတို့ကို လက်ဆောင် ပေးချင်နေတာ ကြာပြီ ...”



ဒီအသံကြားဖူးသလိုဘဲ ..။ မသိမသာ လှည့်ကြည့်လိုက်တော့ သူ အံ့သြသွားသည် ..။



အို . .။



သူ့တိုက်မှာ နေပြီး သူနဲ့ လေယာဉ်တစီးထဲ စီးလာတဲ့ လင်းပြာဆိုတဲ့ ကောင်မလေး နဲ့ သူ့မမကြီးဆိုတဲ့

အရမ်းချောတဲ့ မိန်းမ ဖြစ်နေသည် ။ လင်းပြာနဲ့ လက်ကောက်..ဆွဲကြိုးလေးတွေ ရွေးနေသည် ။ သူတို့နားမှာ မယောင်မလည် နဲ့ တီရှပ်တွေ ရွေးချင်ယောင်ဆောင်ပြီး သူ နေနေသည် ။



“ မမကြီး..ဒီလက်ကောက်လေးတွေက ရွှေလေး အတွက် ကောင်းမယ်ထင်တယ် ...”

“ အင်း..ကောင်းတယ် ..မူမူ့အတွက်ပါ ၀ယ် ..တခါထဲ � �ယ်ထားလိုက်..ဒီဆိုင်လေးက မကြီး ၀ယ်နေကျ..ဈေးမှန်တယ် ...”



သူ့ခေါင်းထဲ အလုပ်များနေသည် ။ “ မြန်မာလား..ကျနော်လဲ မြန်မာပါ..” ဆိုပြီး ၀င်ရောလိုက်ရင် ကောင်းမလား ..။

လင်းပြာရဲ့ မမကြီးရဲ့ အလှက သူ့ကို ဖမ်းစားထားသည် ။ အရမ်းသဘောကျသွားသည် ။ မြင်မြင်ချင်း ချစ်မိတယ် ဆိုတာ ဒါမျိုးလား ..။ သူဒီမိန်းမကို အရမ်း ချစ်မိသွားပြီလား ..။



သူ့အလှကို ငေးမော နေရတာနဲ့ သူတို့ �€ �ငွရှင်းပေးပြီး ဆိုင်ထဲက စထွက်တဲ့အထိ သူ ဘာမှ မပြော မလုပ်လိုက်ရ ..။ လင်းပြာနဲ့ သူ့မမကြီး အနောက်ကို လိုက်ချင်တာနဲ့ သူ ၀ယ်ဖို့ လုပ်ထားတဲ့ ပစ္စည်းလေးတွေကို မ၀ယ်တော့ဘဲ နီးရာ စင်ပေါ်မှာ ချထားလိုက်ပြီး ဆိုင်ထဲက အပြေးအလွှား ထွက်လိုက်သည် ။ ကားရပ်တဲ့နေရာမှာ သူတို့ကို မှီအောင် လိုက်တာ ..။ အတင်းဝင်မိတ်ဆက် ၀င်ရော

တဲ့နည်းနဲ့ဘဲ သူတို့နဲ့ ရင်းနှီးမှုကို အရယူတော့မည် ..။ ခပ်မှောင်မှောင် ကားရပ်တဲ့ ကွက်လပ်ကို ရောက်တော့ လင်းပြာတို့ ညီအမကို လူသုံးယောက် ၀ိုင်းထားနေတာ တွေ့လိုက်ရသည် ..။



ဒီလောက် ပူအိုက်တဲ့အချိန် သိုးမွှေးဦးထုပ်တွေ ဆောင်းထားတဲ့ ဂျမေကာလူမျိုး လူမဲသုံးယောက်က လင်းပြာနဲ့ သူ့အမကြီးရဲ့ လက်ပွေ့အိတ်တွေကို အတင်းဆွဲလုနေသည် .။ လူမဲတယောက်ရဲ့ လက်ထဲမှာ အသွားခြောက်လက်မလောက် ရှိတဲ့ ဓါးတချောင်း ..။

သူ လင်းပြာတို့ကို က ယ်မှ ဖြစ်တော့မည် ..။ လူမဲတွေနဲ့ ရင်ဆိုင်ရတော့မည် ..။



သူ့အပြင်ထုတ်ဝတ်ထားတဲ့ ရှပ်ပွပွအောက်မှာ ဒဲဇက်အီးဂဲဘ် ဖေါ်တီဖိုက် ပါသည် ။ တတ်နိုင်ရင် လင်းပြာတို့ ညီအမရှေ့မှာ သေနတ် မထုတ်ချင် ..။ သူ ပထမဆုံး အသံပေးလိုက်သည် ..။



“ဟေး...ဘာတွေ ဖြစ်နေတာလဲ . . .”



အသံကျယ်ကျယ် နဲ့ ပြောရင်း အမြန်တိုးကပ်သွားသည် ..။



လူမဲသုံးယောက်ရဲ့ အာရုံက လင်းပြာတို့ ညီအမတွေဆီ�€ �နေ သူ့ဆီကို ရောက်သွားသည် .။ သူ့ဖက်ကို လှည့်ပြီ ...။ ဒါကိုဘဲ သူ လိုချင်တာ ..။



“ ဟေး...Chin ..မင်း ဘာဝင်ရှုပ်တာလဲ ...”



ဂျမေကာ လူမဲတွေက အာရှာတိုက်သားတွေကို ချို င်းနား China / Chinese ရဲ့ အတိုကောက်အဖြစ် Chin လို့ ခေါ်ကြသည် ..။



ဓါးနဲ့ကောင်က ရှေ့တိုးလာသည် ..။ တတ်နိုင်ရင် ..သူ ပွဲမရှည်ချင် ..။ သုံးယောက်တယောက် ဖိုက်နိုင်ပေမယ့် ကျန်တဲ့ နှစ်ယောက်က ဘာလက်နက် ပါမှန်း မသိသေး ..á �‹ သေနတ်လဲ



ပါချင်ပါနိုင်သည် ။



လင်းပြာက သူ့ကို မှတ်မိသွားသည် ။ “ မမကြီး..ဒီလူကြီး နဲ့ လင်းပြာ လေယာဉ်ပျံ တစီးထဲ စီးလာတာ..သူနေတာလဲ လင်းပြာတို့ Apartment မှာဘဲ ...”လို့ ပြောလိုက်သံ ကြားလိုက်ရသည် ။



သူတို့ဖက်ကို သူ မကြည့်အား..။ နီးကပ်နေတဲ့ လူမဲသုံးယောက် ကို အာရုံစိုက် ရင်ဆိုင်နေရလို့ ..။



“ ဒါ ငါ့ညီမတွေဘဲ..မင်းတို့ ထွက်သွားလိုက်ပါ ...”

“ မသွားနို င်ဘူး..ဒို့ ငွေလိုတယ်..ငွေလိုလို့ ဓါးပြတိုက်နေတာ..မင်း သေသွားချင်လား..မင်းမှာ ပါတာပါ အကုန်ပေး ....”



လက်တဖက် နောက်ပို့ပြီး ဆုပ်ကိုင်ထားပြီး ဖြစ်နေတဲ့ ပစ္စတိုလ်ကို ထုတ်ချိန်လိုက်သည် ..။



“ ဟိတ်..နောက်ဆုတ် ..သေသွားမယ် . .”



သေနတ်ကို မြင်လိုက်လို့ လူမဲတွေတော်တော်တော့ ဖြုန်သွားဖျားသွားသည် ..။ ဓါးကိုင်တဲ့ကောင်ပါ အနောက်ဆုတ်သွားသည် ..။



“ ထွက်သွာá ��ကြ ...”



နှစ်ယောက်က နောက်ပြန် ဆုတ် သွားကြပေမယ့် ဗလကောင်းကောင်း ကောင်က ပေစောင်းစောင်းနဲ့ လုပ်နေလို့ သေနတ်ပြောင်းကို လှုပ်ပြကာ..“ Get out ...” လို့ သူထပ်အော်လိုက်သည် ..။



“ ပစ်ရဲလို့လား..” ဆိုပြီး ထပ်တိုးကပ်လာပြန်လို့ သူ့ခြေဖမိုးကို ပစ်ထည့်လိုက်သည် ..။ ၄၅ ကျည်ဆံ ယမ်းပေါက်ကွဲသံက ကျယ်လောင်လှသည် ..။ လင်းပြာတို့ အနောက်ကို ဆုတ်သွားသည် ။

သူတို့ နားတွေ တော်တေá ��် အူသွားမှာဘဲ ..။



ခြေဖမိုး ကို ထိသွားတဲ့ ဗလကောင်းကောင်း လူမဲ စူးစူး ၀ါးဝါးအော်ပြီး မြေကြီးပေါ်မှာ လူးလှိမ့်နေသည် ..။ ကျန်တဲ့ နှစ်ယောက်က သူတို့လူကို ဂျိုင်းကနေ ဆွဲပြေးကြသည် ..။



ပွိုင့်၄၅ ကျည် နဲ့ အပစ်ခံရတဲ့ ခြေထောက် ဘယ်လို ခံရမလဲ သူ သိသည် ..။ သူ မပစ်ချင် ပေမယ့် ကိုယ့်ကိုယ်ကို ကာကွယ်ဖို့ ပစ်လိုက်ရသည် ..။



လင်းပြာ အမက သူ့ကို ကြေက်ရွံသလို ကြည့်ေá ��သည် ..။ တုန်ရီတဲ့ အသံလေးနဲ့ မေးသည် ..။



“ မင်း ဘယ်သူလဲ ..Police လား ....”



“ ဒါတွေ နောက်မှ ပြော..အရင်ဆုံး ဒီနေရာက သွားကြရင် ကောင်းမယ် ...”



လင်းပြာတို့ ကားပေါ်ကို တက်သည် ..။



“ မင်းကရော ဘယ်ကို သွားမှာလဲ ...”



ကားပြူတင်းပေါက်ကနေ မေးလိုက်တဲ့ လင်းပြာမမကြီး သည် သူတို့ကို လုယက်သူတွေ လက်က ကယ်လိုက်လို့ ကျေးဇူးတင် နေတဲ့ သဘော ရှိသည် ..။ သို့ပေမယ့် သေနတ် ထုတ်ပစ်တဲ့လူမို့ ကြောက်နေတဲ့ပုံ ရှိသည် ။



“ ဒီနေရာကနေ အမြန် ထွက်သွားဖို့ လိုတယ်..မင်းတို့ကားနဲ့ ဒီကဝေးရာကို ခဏ လိုက်ခဲ့လို့ရမလား ...”

“ အိုကေ ...”



တကယ်တော့ ခွင့်တောင်းနေတာ မဟုတ် ..။ သူလိုက်မည်ဆိုတာ အသိပေးတဲ့သဘော..ပြောပြတဲ့ သဘော ..။ နောက်ခန်းတံခါးကို ဆွဲဖွင့်ပြီး တက်လိုက်သည် ..။



“ မောင်း..မြန်မြန်သာ မောင်း ...”



အခုအချိန်အထိ သူ နဲ့ လင်ြး�€ �ာရဲ့ မမကြီးတို့ အင်္ဂလိပ်စကားနဲ့ ပြောဆိုနေကြတာ ဖြစ်သည် ..။ သူ မြန်မာ ဆိုတာ သူတို့မှ မသိသေးတာ ..။



လင်းပြာရဲ့ မမကြီး စိတ်လှုပ်ရှားလွန်းနေလို့လားမသိ
ဘူး ..။ ကားမောင်းတာ ကို့ရို့ကားရားတွေ ဖြစ်နေသည် ..။ တော်တော် ဝေးဝေးကို ရောက်လာတော့ သူ လင်းပြာရဲ့ မမကြီးကို လမ်းမှာတွေ့တဲ့



ကော်ဖီဆိုင်လေးတဆိုင်မှာ ရပ်ခိုင်းလိုက်သည် ..။



“ ကျမတို့ကို အခုá ��ို ၀င်ကူတာ ကျေးဇူး အများကြီး တင်ပါတယ် ...ဒါနဲ့ ရှင်က New York မှာ ကျမ ညီမလေး နဲ့ Apartment တခုထဲ နေတာဆို ..ရှင်က ရဲလား ...”



လင်းပြာ ရဲ့မမကြီးက အင်္ဂလိပ်လို မေးလိုက်တာ ဖြစ်သည် ။ သူက မြန်မာစကားနဲ့ ..“ ဟုတ်ပါတယ်..ကျနော် New York မှာ ဒီက ညီမလေး နဲ့Apartment တခုထဲ နေတာပါ..မြန်မာမှန်းတော့



မသိခဲ့ပါဘူး ..” လို့ ဖြေလိုက်တော့ လင်းပြာတို့ ညီအမနှစ်ယောက် စလုံး ပါးစပ်အဟောင်းသားနဲ့ အံ့သြသွား ကြသည် ..။



“ အို..အကိုက မြန်မာကိုး....ကျမက နိုင်ငံခြားသားဘဲ ထင်နေတာ ...”



“ ..ဒီက ညီမက ဒီမှာ နေတာလား ...”



“ဟုတ်ပါတယ်..အကို..ကျမ နံမည် ၀င်းဝါ ပါ. ..ကျမက ဆရာဝန် ပါ ..”



ဝင်းဝါ ..။

နံမည်နဲ့ လူနဲ့ လိုက်ဖက်သည် ။



အမက ၀င်းဝါ ....ညီမက လင်းပြာ ...။



“ ဒီမှာ နေတာ ကြာပြီလား .. ဒေါက်တာ ..”



“ သိပ်မကြာသေးပါဘူး ..အကို..ကျမကို ၀င်းဝါဘဲ ခေါ်ပါ ..ဒေါက်တာလိုá �• မခေါ်ပါနဲ့ ...အကို..အကို့နံမည်ကကော ...”



သူ့ကိုယ်သူ ပြန်မေးလိုက်သည် ..။ သူ့နံမည် ဘယ်သူလဲ ...။



သူသုံးနေကျ ..နံမည်တခုကို ဖြေလိုက်သည် ..။



“ ကျနော့်နံမည် ..ဇော်ရဲအောင် ..”



“ အကိုက ဘာလဲဟင်..ဘယ်မှာလုပ်တာလဲ..”



“ အစိုးရအလုပ်ဘဲ ဆိုပါတော့ ..”



“ အခု ဂျမေကာ ကို အလည် လာတာလား ..”



“ ဆိုပါတော့ ...”



“ ၀င်းဝါတို့ကို ကယ်ခဲ့တာ ကျေးဇူး အမျာá ��ကြီး တင်ပါတယ်..အကို့ကို ဂျမေကာ ရောက်တုံး ..အကို့ ၀င်းဝါ ထမင်းကျွေးပါရစေ..အကို သွားချင်တဲ့ နေရာတွေလဲ လိုက်ပို့ပေး ပါရစေ..အကို ..”



သူ ပြုံးပြီး ခေါင်းညှိမ့်ပြသည် ..။ သူ တအားကြိုက်နေတဲ့ ၀င်းဝါ တို့ လင်းပြာတို့ နဲ့ ခင်မင် ရင်းနှီးရမှာမို့ စိုင်ကော်လို့ ခြုံပေါ်ရောက် ဆိုတဲ့ စကားလိုဘဲ ..အရမ်းကျေနပ် ပျော်နေမိသည်



..။



ဒေါက်တာဝင်းဝါ က သူ့ကို သူတို့အိá ��်ကို လာလည်ဖို့ ပြောပြီး လိပ်စာနဲ့ ဖူန်းနံပါတ် ပေးသည် ။ သူကလဲ မယ်လ်ဗင် သူ့ကို ပေးထားတဲ့ ဖုန်းရဲ့ နံပါတ်ကို ပြန်ပေးလိုက်သည် ။



သူ စောစောက နေနေတဲ့ ဟိုတယ်လ်ကို မပြန်တော့ ..။ ၀င်းဝါတို့ နဲ့ နီးတဲ့ နေရာက ဟိုတယ်လ်တခုမှာ ပြောင်းနေလိုက်သည် ..။



လူတယောက်ရဲ့ ခြေဖမိုးကို သေနတ်နဲ့ ပစ်လိုက်ရပေမယ့် သူ မြင်မြင်ချင်း စွဲလန်း ကြိုက်ခိုက်သွားတဲ့ မိန်းမချောလေး နá ��့ မထင်မှတ်ဘဲ ရင်းနှီးခွင့် ခင်မင်ခွင့် ရလိုက်တာကိုတော့ ကျေနပ် မဆုံး ..။



နောက်တနေ့ မနက်စောစောမှာ မယ်လ်ဗင် ရဲ့ ကားနဲ့ သူ နီဂရေးလ် ကို ထွက်ခဲ့သည် ။ လမ်းကျဉ်းကျဉ်း မှာ အကွေ့အကောက် တွေကို ကျွမ်းကျင်စွာနဲ့ မယ်လ်ဗင် မောင်းနေသည် ..။ ပြင်ဦးလွင် ကို မန္တလေးကနေ တက်တဲ့ လမ်းလိုလို..မိုးကုတ်မိုးမိတ် လမ်းတွေလိုလို ..ထင်မိရတဲ့ ဂျမေကာ ရဲ့ လမ်းတွေမှာ တောင်အကွေ့တွေမှာ ဘွားကနဲ ပေါ်ပေါ်လာတဲ့ မျက်နှာချင်းဆိုင်က ကားတွေကြောင့်

အသဲတယားယား ရင်တဖိုဖို နဲ့ ..။



“ မစ္စတာ ပရပ်ခ် ...ဆာလား ....”

“ အင်း..ဆာသလိုလို ဘဲ ...”



“ ရှေ့တောင်ကွေ့အတက်မှာ Jerk Pork ( ၀က်သားကင် ) ဆိုင်လေး နံမည်ကြီးတယ် ..စားကြမလား ..”

“ လုပ်လိုက်လေ ..မယ်လ်ဗင် .. ”



ဝက်သားကင် ကျွတ်ကျွတ်မွှေးမွှေးလေး နဲ့ ဘလူးမောင်တိန် Blue Mountain ကော်ဖီခါးခါး ကို စားသောက်ရင်း တောင်ချောက်ထဲက မြူခိုးတွေ ဝေနေတဲ့ ရှုခင်းအလှကို ငေးမောနေမိသည် ။

စိတ်ထဲမှာ ကင်စတန်မြို့မှာ ကျန်ခဲ့တဲ့ ဒေါက်တာဝင်းဝါ ကို သတိရ နေသည် ။ မြင်ယောင်နေသည် ..။

ဒီအချိန် သူ ဘာလုပ်နေပါလိမ့် ..။ လက်က နာရီကို ကြည့်လိုက်သည် ။ အိုမီဂါ ဆီးမာစတာ နာရီ ရဲ့ လက်တန်တွေက မနက် ၁၀နာရီ ထိုးနေတာကို ပြသနေသည် ..။

ဒေါက်တာဝင်းဝါ ဆေးရုံမှာ အလုပ်လုပ်နေပြီလား ...။



အင်း..ညီမလေး လင်းပြာ �€ �ာလည်တဲ့ အချိန်မို့ အလုပ် တက်ချင်မှ တက်မှာပါ ..။ ညီမလေးကို လိုက်ပြကျွေးမွေးနေမယ် ထင်တာဘဲ ...။



မယ်လ်ဗင် က သူ အိမ်သာ ခဏ၀င်မည် လို့ ပြောပြီး ဆိုင်လေး အနောက်ဖက်ကို ၀င်သွားသည် ..။ ဒီအချိန်မှာ မယ်လ်ဗင် ပေးထားတဲ့ ဖုန်း မြည်လာသည် ..။



“ ဟယ်လို ..”

“ ဟယ်လို..ကိုဇော်ရဲအောင် လား ...ကျမ ၀င်းဝါ ပါ ..အကို ..”

အိုး..။ သူ့ကို သတိရနေတုံး သူ ဖုန်းဆက်လာသည် ..။ တိုက်တိုက်ဆိုင်ဆိုင် ..။



“ ဒေါက်တာ..အဲ ..၀င်းဝါ ..ခုဘဲ စဉ်းစားနေမိတာ..၀င်းဝါ အကြောင်း ..”

“ ဟုတ်လား..ဘာတွေများလဲ ...အကိုရယ်..ဟင်းဟင်း...”



“ အော်..၀င်းဝါ အလုပ်မှာ အလုပ်လုပ်နေမှာဘဲ လို့ ..”

“ လုပ်ဘူး အကိုရဲ့..၀င်းဝါ က ညီမလေး လင်းပြာကို လိုက်ပို့မလို့ ဆိုပြီး အလုပ်က ခွင့်ယူထားတာ ...အဲ..ဒါပေမယ့် ညက ဖြစ်ပျက်သွားတာကြောင့် ကိုယ့်ဖါသာ အပြင်လျောက်လည်ဖို့ လန့်နေလို့ ...”



“ အဟဲ..အကို ကတော့ အခု နီဂရေးလ်ကို သွားနေတယ် ..”

“ဟယ်..ကြည့်စမ်း..အကိုက ညကလဲ နီဂရေးလ် သွားမယ် ဆို မပြောဘူး ...”

“ ဟုတ်တယ်..မပြောဖြစ်လိုက်ဘူး ...”



“ အကို ဘယ်လို သွားတာလဲ..ကားငှားသွားတာလား ...လေယာဉ်နဲ့ မသွားဘဲ ကားနဲ့ သွားတာ လမ်းခရီးက ရှုခင်းတွေကို ကြည့်ချင်လို့လား ...”

“ ဆိုပါတော့ ..လိုက်ပို့မယ့်လူလဲ ရှိလို့ပါ ....”



“ ပြောရောပေါ့..အကိုရယ်..အကိုသာ နီဂ�€ �ရးလ်ကို သွားမယ်မှန်းသိရင် ၀င်းဝါတို့ နဲ့ အတူတူ သွားမှာပေါ့...၀င်းဝါ က အကိုနဲ့ သွားရရင် အဖေါ်ရလို့ ..အားကိုးရလို့ ....ဟင်းဟင်း..အကိုက သေနတ်ကြီးနဲ့လေ ..”

“ ရတယ်လေ..၀င်းဝါတို့နဲ့ အကိုလဲ အတူတူသွားချင်ပါတယ် ..ကဲ..ဘယ်သွားကြမလဲ ..”



“ ဟွန်း..အကိုက အခု နီဂရေးလ်သွားနေတာလေ ..ဘယ်တော့ ကင်စတန် ပြန်လာမှာလဲ ...”

“ သဘက်ခါလောက် ..”

“ ဟုတ်ပြီ .၀င်းဝါတို့ အကိုပြန်အလာကို စောငá ��့နေမယ်..အတူတူ သွားကြမယ်လေ...ဘယ်တွေ လိုက်ပို့ရမယ် ဆိုတာ ၀င်းဝါ ကြိုတင် ပြင်ဆင် ထားလိုက်မယ်နော် ..”

“ ဟုတ်ပြီ..၀င်းဝါ ...”

“ ဒါဆို အကို..နီဂရေးလ်က ပြန်လာရင် ၀င်းဝါတို့ဆီကို ဖုန်းဆက်လိုက်နော် ...”

“ ဆက်မယ်..၀င်းဝါ ...”

“ ညက အကို ပစ်ထည့်တာလေ..၀င်းဝါ တီဗွီ သတင်းထဲများ ပါမလားလို့ စောင့်ကြည့်သေးတယ် ..ဘာမှ ပါမလာဘူး ...”

“ ဟုတ်လား ..ဟိုကောင်တွေကလဲ လူဆိုးတွေ ဆိုတော�‚ • ဘယ်သွားတိုင်မလဲ..သေနတ်သံ ကြားလိုက်တာကလွဲလို့ ဘာမှ မသိလိုက်ကြလို့ နေမယ် ...”

“ ဟုတ်တယ်..အကို ...ကဲ...လင်းပြာကို ဘရိတ်ဖါ့ လုပ်ပေးလိုက် အုံးမယ်..အကို ..နောက်မှ ဆက်မယ် ...ဘိုင်း..”

“ ဘိုင်း..၀င်းဝါ ....”



မယ်လ်ဗင် သည် ကားထဲမှာ သူ့ကို စောင့်နေသည် ။



“ ဆောရီး...”

“ ရပါတယ် ..အဲဒါ ဟိုနေ့က လိုက်ကြည့်တဲ့ အာရှမ ချောချော မဟုတ်လား ..”

“ဟား..မင်းက ဆဌမ အာရုံ ရနေတယ် ထá ��်တယ်..ဟားဟား....”

“ မင်းဟာ တော့ပ် အေးဂျင့်တယောက် ဖြစ်တော့ ဘယ်နေရာမှာဘဲ ဖြစ်ဖြစ် လက်မြန်မယ် ဆိုတာ ငါ သိနေတယ် ပရပ်ခ် ...ဟီး...”



မယ်လ်ဗင် က ပြုံးပြုံးကြီး ကားကို မောင်းထွက်လိုက်သည် ..။



“ မစ္စတာ ပရပ်ခ် ..ရှေ့မှာ ..ကရစ်ဘီယန်စတား ..ရောက်တော့မယ် ....”



“ အိုကေ ...”



မကြာခင် တွေ့လာမယ့် အလုပ်ကိစ္စကို လေးလေးနက်နက် စဉ်းစားနေတုံး ကားမောင်းနေတဲ့ မယ်လ်ဗင်�€ € သူ့ကို သတိပေးလိုက်သည် ..။



ချိန်းထားတဲ့ နေရာ ...။



ကရစ်ဘီယန်စတား ဆိုတာက တဲသာသာ ဆိုင်ကလေး ..။ Jamaican Pie အမဲသားစဉ်းကော စပ်စပ် အစာသွတ်ထားတဲ့ မုန့် ရောင်းတဲ့ဆိုင် ..။

ဆိုင်ရော..ရောင်းတဲ့ မိန်းမကြီးရော ညစ်ပတ်နေသည် ..။

သူ့သဘော ဆိုရင် ဒီလို ဆိုင်လေးကို ၀င်မှာ မဟုတ် ..။



သူတို့ ဒီဆိုင်လေး ရှေ့မှာ ကားထိုးဆိုက်လိုက်သည် ..။



မယ်လ်ဗင်က ကားပေါ်က မဆင်�€ ¸ ..။

သူက ဆင်းပြီး မုန့်ဆိုင်ထဲ ၀င်သည် ..။ ဘာမှ မ၀ယ် ..။ ဆိုင်က အိမ်သာထဲ ၀င်ပြီး လက်ဆေးပြီး ပြန်ထွက်သည် ။



သူ ကားဆီ ပြန်ရောက်တော့ မယ်လ်ဗင်ရဲ့ကားဘေးမှာ မိန်းမတယောက် ရောက်နေသည် ။



အမဲမ ချောချော တယောက် ..။

အသားဖြူ ပြီး ရုပ်ပြေ တဲ့ အာဖရိက အမေရိကန် မိန်းမ ...။

ရင်ဘတ်ဟိုက်တဲ့ အနက်ရောင် ဂါဝန်ရှည်နဲ့ ..။ ၀င်းမွတ်တဲ့ ရင်သားတွေရဲ့အပေါ်ပိုင်းတွေကို ရင်ခံá ��စရာ တွေ့နေရသည် ။



ပြုံးပြနေသည် ..။ အသားလတ်လတ်..ရုပ်က အမဲမထဲမှာ ချောသည် လို့ ပြောရမယ့် ရုပ်သန့်သန့် ..။ ကိုယ်လုံးက မြင်သူတကာ ငေးရမယ့် အလန်းစား ..။ ပေါင်တန်၇ှည်ရှည် ..အားကစားလုပ်ထားကျင့်ထားလို့ လှနေတဲ့ ကိုယ်လုံးမျိုး ..။



မယ်လ်ဗင် က ..“ ပရပ်ခ် ..ဒီမှာ ကားကြုံလိုက်လို့ ရမလား လာမေးနေတယ် ...” လို့ ပြောလို့ သူ အနားရောက်သွားရင်း ဒီမိန်းမ ကို ဟိုင်းလို့ စတင် နု�€ �်ဆက်လိုက်သည် ..။



“ ဟိုင်း ..ငါ့ကား ပျက်သွားလို့ မင်းတို့နဲ့ ကားကြုံလိုက်လို့ရမလား ...နီ၈ရေးလ်မှာ ချိန်းထားတာ ရှိလို့ ..အချိန်မှီေ၇ာက်ရမှာမို့ ..”



မိန်းမ က ဆိုင်ရှေ့မှာ ရပ်ထားတဲ့ ဘီအမ်ဒဗျူကား အဖြူလေးကို လှမ်းပြသည် ။ ကားက အသစ်ကလေး ..။



“ တယောက်ထဲ လား ..”

“ ဟုတ်တယ်..တယောက်ထဲပါ ..ဘာပစ္စည်းကြီးကြီးမားမား မှလဲ မပါပါဘူး ...”

“ အိုကေလေ..ရပါတယ်..လိုက် ပါ ...”



“ ငါ့ဖါသာ မိတ်ဆက်ရအုံးမယ်..ငါ့နံမည်က မစ္စအယ်လီနာ မိုက်ခ်ကယ်လ်စ် ...လယ်လ်အေ က...အဏ္ဏ၀ါ သုတေသန အရာရှိပါ ..”



မိန်းမ ...နံမည်တော့ အမှန်ပြောသည် ။ နေတဲ့ မြို့ နဲ့ အလုပ်အကိုင်က ညာပြောနေသည် ။



“အိုး ..ငါလဲ စင်္ကပူ က လာတာ ...နံမည်ကြီးတဲ့ ဂျမေကာကျွန်းကို အလည်လာတာပါ ..ငါ့နံမည် ပရပ်ခ် ..အသက်အာမခံ ကိုယ်စားလှယ်ပါ ...”



သူလဲညာ..ကိုယ်လဲ ညာ ..။



“ ဆုံရတာ ၀�€ �်းသာတယ် ပရပ်ခ် ...မင်းရဲ့ မူရင်း ( အောရေဂျင်နယ်လ် ) က ဘယ်ကလဲ..တရုတ်လား ..မလေးလား ”



“ ငါက ကမ္ဘောဒီးယား က ..စင်္ကပူမှာ ကြီးတယ် ဆိုပါတော့ ..”



“ အိုး ..ခုလို သိရတာ ၀မ်းသာတယ် ...ငါ တကယ် ကမ္ဘောဒီးယား ကို စိတ်ဝင်စားတယ် ...ရောက်ဖူးချင်တယ် ...”



သူ ဘာမှ ပြန်ပြောစရာ မရှိလို့ ပြုံးဘဲ နေလိုက်သည် ။



“ မင်းတို့ နေ့လည်စာ စားပြီးပြီလား....”



“ မစားရသေးဘူး အယ်လီနာ ..မင်းကော ..”



“ မစားရသေးဘူး ...နီဂရေးလ် မရောက်ခင် ကြားလမ်းမှာ ဆိုင်ကောင်းကောင်း ရှိရင် စားကြမလား ...”



မယ်လ်ဗင်က ကားမောင်းရင်း..“ ငါ ဆိုင်ကောင်းတာ တွေ့ရင် ရပ်ပေးမယ် ...” လို့ ပြောသည် ..။



အယ်လီနာမိုက်ကယ်လ်စ် သည် ဖေါ်ရွေ ပြီး ခင်မင်ချင်စရာ မိန်းမယောက် ဖြစ်သည် ..။ သူ့အလုပ်အကြောင်း ပြောရင်း သူဟာ လူလွတ် အိမ်ထောင် မရှိသူ ဆိုတာကို ထည့် ပြောသွားသည် ..။

< br/>
သူကလည်း သူ က စင်္ကပူ မှာ တယောက်ထဲသမား ဖြစ်လို့ ကြုံရာ ဆိုင်မှာဘဲ စား...တိုက်အမြင့်ကြီးတခုရဲ့ အပေါ်ထပ် အခန်းတခန်းမှာ နေသည် ဆိုတာ ပြောပြလိုက်သည် ။



“ နီဂရေးလ် ကို ပင်လယ်ကမ်းခြေ မှာ အနားယူဖို့ သက်သက်ဘဲလား ...”



“ ဟုတ်တယ် ...ကင်စတန်က မိတ်ဆွေတွေက နီဂရေးလ် ကမ်းခြေ က ရှည်ပြီး လှတယ် လို့ ညွှန်းလိုက်ကြလို့ လာကြည့်တာ ...”



“ အော်..ဟုတ်လား ..ငါကတော့ အလုပ် နဲ့ လာခဲ့တာ ..”



“ ဟုတ်လား ...မင်း နီဂရေးလ် မှာ ဘယ်မှာ တည်းမလဲ ..”



“ White sand Hotel မှာ....”



“ ဟာ...တိုက်ဆိုင်လိုက်တာ ..ငါလဲ အဲဒီ ဟိုတယ်လ်မှာဘဲ တည်းဖို့ ကြို ရယ်ဆယ်ဗေးရှင်း လုပ်ထားတာ ...”



“ အိုး..ကောင်းတာပေါ့..ပြန်ဆုံကြအ
ုံးမှာပေါ့ ...”



“ ဟုတ်တယ်..အယ်လီနာ ...”



သူ့စိတ်ထဲက တော့ ဆုံဖို့ရာကို တမင် ဖန်တီး ထားတာဘဲ အယ်လီနာရေ...လို့ ပြောမိသည် ..။
< br />

မင်းအကြံတွေ ငါ သိနေတယ် ..။ မင်း ဘာတွေ လုပ်ဖို့ ရောက်လာတယ် ဆိုတာ ...။



လမ်းက မြို့သေးသေးလေး တခုမှာ ရပ်ပြီး နေ့လည်စာ စားကြသည် ..။ ဂျမေကာ စတိုင် ဆိတ်သားဟင်း..ငါးကင် နဲ့ ...။ မယ်လ်ဗင်က သူတို့နဲ့ လာမထိုင် ..။ ဆိုင်က ဒေသခံ

ဂျမေကာ လူမျိုးတွေနဲ့ အဖွဲ့ကျနေသည် ..။



အယ်လီနာက စင်္ကပူအကြောင်းတွေ စပ်စုသည် ..။ တကယ် သိချင်တာထက် သူ စင်္ကပူက တကယ်ဟုတ်မဟုတ် စမ်းသပ် ချင်လို့ မေးတာတွေ ဖြစ်နိုင်သည် ..။ သူကလဲ ကမ္ဘာပတ်ပြီး

နိုင်ငံစုံ နေဖူး ရောက်ဖူးနေတော့ စင်္ကာပူအကြောင်း ကောင်းကောင်း ညာနိုင်သည် ။



အယ်လီနာ နဲ့ သူ ပိုပြီး ခင်မင်လာသည် ..။ တလမ်းလုံး စကား ကောင်းလာသည် ။

နီဂရေးလ် ရောက်တော့ သူတို့နှစ်ယောက်လုံးက ဟိုတယ် ကောင်တာမှာ ချက်ကင်လုပ် အပြီး ဟိုတယ်လ်တခုထဲမှာ တည်းကြတာမို့ ညနေစာ အချိန်ရောက်ရင် ဒီဟိုတယ်လ်က ညစာစားခန်း မှ�€ ¬ ဆုံကြမယ် လို့ ချိန်းလိုက်ကြ ရင်း ကိုယ့်အခန်းကို ကိုယ် သွားလိုက်ကြသည် ..။



သူ့အခန်းက ဟိုတယ်ရဲ့ ဒုတိယထပ်မှာ ..။ ပင်လယ်ပြာကြီး ကို မြင်နေရတဲ့ မျက်နှာစာ အခန်း ..။

မီးဖိုလေးထဲက စင်မှာ အရက်မျိုးစုံ ချထားပေးတာ တွေ့ရသည် ..။ ရေခဲသေတ္တာထဲမှာက ဘီယာမျိုးစုံ ရှိနေသည် ။ Red stripe ဂျမေကန်ဘီယာတလုံး ကို ထုတ်ယူကာ ဖေါက်သောက်ရင်း

ပြူတင်းပေါက် အကြီးစားကြီးကနေ ပင်လယ်ရှု�€ �င်းကို ကြည့်သည် ။



ဘီကီနီ အတိုအပြတ်လေးတွေနဲ့ ရေထဲက တက်လာတဲ့ မိန်းမတွေကို တွေ့နေရသည် ။



အယ်လီနာမိုက်ကယ်လ်စ် ကို ၀င်ပူးဖို့ သူတို့ ကြိုတင်စီမံထားတာ ..။ အယ်လီနာရဲ့ ကားက ကရစ်ဘီယန်စတား ဆိုင်လေး ဆီရောက်ရင် နှိုးလို့ မရ ဖြစ်သွားအောင် ..သူတို့က အဲဒီကို

အချိန်ကိုက် ရောက်သွားပြီး ကားကြုံတင်ဖို့ ကြိုတင် ဖန်တီး အကွက်ချထားတာ ..အခုထိတော့ ဆင်ထားတဲ့အတိုင်း ဖြစ်လာနေသည် ..။ ညနေစာ အတူတူစားဖို့လဲ ချိန်းပြီးပြီ ..။



သူ ချစ်မိနေတာက တွေ့ချင်နေတာက ၀င်းဝါ ဆိုတဲ့ မြန်မာ ဆရာဝန်မလေး ..။



အလုပ်တာဝန်အရ ၀င်ရော ပူးကပ်ရတာက အမေရိကန် အမဲမလေး အယ်လီနာ မိုက်ကယ်လ်စ် ...။



ကိုယ်ရေးကိုယ်တာကို ခဏ ဘေးချိတ် ဖယ်ထားပြီး အလုပ်က ပေးအပ်တဲ့ တာဝန် ၀တ္တရားကို အရင် ထမ်းဆောင်လိုက်ရအုံးမည် ....။



ဆက်ရန်



@လူဆိုးကြီး 18+

No comments:

Post a Comment